
အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်က ချစ်သူကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဆိုပါ အမျိုးသားအနေနှင့် ရေအောက်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ မိန်းကလေးအနေနှင့် ရေသူမလေးကဲ့သို့ ၀တ်စားထားတာပါ။ လောလိ၀ုဒ်နာမည်ကျော် ကာတွန်းကား The Little Mermaid ကားထဲက ရေသူမလေးကဲ့သို့ဝတ်ဆင်ထားတာပါ
အမေရိကန် တက္ကဆက်ပြည်နယ်က အသက် ၄၀အရွယ်ရှိ အမျီုးသား အဲရစ်မာတီနက်စ်က သူ့ချစ်သူကိုယခုကဲ့သို့ လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ အဲရစ်မာတီနက်စ်အနေဖြင့် ချစ်သူမိန်းကလေး အသက်၂၆နှစ်အရွယ်ရှိ ကေမီနှင့်အတူ မက္ကဆီကိုမှာ အပန်းဖြေခရီးထွက်နေတာပါ။ ထိုကဲ့သို့ မက္ကဆီကိုမှာ အပန်းဖြေနေတုန်း ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။
ကေမီက သူ့ရဲ့လက်ထပ်ခွင့်ကိုခေါင်းညိတ်လိုက်ပြီးနောက်မှာတောာ့ ထပ်မံ၍ရေအောက်မှာ ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ ရေအောက်မှာ ရိုက်ကူးခဲ့တာက သူတို့ချစ်သူနှစ်ယောက်အတွကင် အမှတ်တရဖြစ်အောင် ရယ်ရွယ်ခဲ့တာပါလို့ သိရှိရပါတယ်။ ရေအောက်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ ချစ်သူ၂ဦးစလုံး ချစ်စရာကောင်းနေတာကိုတွေ့ရှိရမှာပါ။ အဲရစ်မာတီနက်စ်က “ကျွန်တော်အနေဖြင့် ချစ်သူကို ဒီတိုင်းပလိန်းကြီးလက်ထပ်ခွင့်မတောင်းချင်ဘူးလေ။
စားသောက်ဆိုင်တွေ ဘာတွေမှာ လက်ထပ်ခွင့်တောင်းခ့တာကလည်း ရိုးနေပြီလေ။ ဒါကြောင့် ကျွန်တော်တို့ ၂ယောက် အတွက် အမှတ်တရဖြစ်အောင်ဒီလိုလုပ်ဖို့ စိတ်ကူးခဲ့တာလေ” လို့ပြောကြားခဲ့ပါတယ်။
Leave a Reply