
ပုဂံမှာ ပုဇွန်ကြော်လေးစားလိုက်ရရင် အတော်အရသာရှိတယ် သွားသူတိုင်းပြောကြတယ်..
ဘုရားအောက်မှာ အဲ့အန်တီကြီး အကြော်ရောင်းတယ်..
မြန်မာတွေရဲ့ ထုံးစံ သူ့ဘေးမှာ ပုံစံတူ အကြော်ရောင်းသူတွေ တူညီတဲ့ စီးပွားပြိုင်ဘက်တွေ အများကြီးပဲ..
သူက မတူကွဲပြားအောင် လုပ်မရဘူး..
ဒီ အကြော်ပဲ ရောင်းစရာရှိတယ်..
ဒါနဲ့ သူဘာလုပ်လဲဆိုတာ ကျွန်တော် ကြည့်တယ်
Value Added Service ပေးတာပဲလုပ်လို့ရတယ်ဆိုတာ သူနားလည်တယ်..
နံပါတ် တစ် လှေကားက ဆင်းလာသမျှ ဘုရားဖူးအကုန်လုံးရဲ့ ဖိနပ်တွေ ကြည့်ပေးတယ်..
စကားချိုချိုနဲ့ ရောင်းတယ်.. မြန်မာတွေ အားနာတယ် Attention ရတယ်..
နံပါတ် နှစ် တစ်ခြား ဈေးသည်တွေ ငွေနောက်လိုက်နေချိန် သူက အကြော်အပိုင်းလေးတွေ ကိုင်ပြီး စားသွားပါဦးပြောတယ်..
အမြည်းကျွေးတယ်..
ကျွန်တော်တို့ မြန်မာတွေအားနာပြန်တယ်.. ဝယ်စားချင်စိတ်ဖြစ်တယ်..
နံပါတ် သုံး သူ့ပုံစံက ဒီအကြော်လေးပဲ ရောင်းရပြီး ဘဝရပ်တည်နေရတဲ့ပုံ မြို့သားတွေ မြို့သူတွေ သနားကြတယ်..
နဲနဲလေးဖြစ်ဖြစ်ဝယ်ရမယ်ဆိုတဲ့ စိတ်လေးပေါ်ပေါက်လာတယ်..
နံပါတ် လေး ဈေးဆစ်တယ် ဈေးမလျှော့ဘူး..
ဒါပေမယ့် အပိုထည့်ပေးတယ် Quality ကို တင်တယ် Value ထည့်ပေးတယ်..
တစ်+နှစ်+သုံး+လေး = Sales သူ ရောင်းရတယ်..
ဝယ်စားတဲ့သူတွေမှာ ခံစားရတယ် Quality ရတဲ့အပြင် အပိုထပ်ဆောင်းလေးပါရတယ်..
မဝယ်စားဖြစ်တဲ့သူတွေက စိတ်ထဲ ကိုယ့်ဘာသာ Guilty ဖြစ်တယ်..
ငါနောက်တခါဝယ်စားမယ်ဆိုပြီး စိတ်ပညာအရ နိုးဆွထားတယ်..
ဒီ logic က အဲ့ပုဂံက အန်တီတင်မဟုတ် အင်ဒိုနီးရှား ဘာလီ ကျွန်းမှာလဲ သုံးတယ်..
ဘာလီကျွန်းက ကြောင်ချီးကော်ဖီဆိုင်တွေမှာ Staff တွေ အပင်ပန်းခံလိုက်ပြတယ်
ရှင်းပြတယ် ကော်ဖီအခမဲ့တိုက်တယ် နည်းမျိုးစုံဂရုစိုက်ပေးတယ်..
ဒါနဲ့ ရောင်းတဲ့ပစ္စည်းတွေကို ထပ်ထပ်ပြီး ဝယ်ဖြစ်သွားတယ်..
ရောင်းသူကလည်း ထပ်ပြီး Value တွေထည့် Product တွေ မသိမသာ ထပ်ရောင်း
ဒါနဲ့ပဲ ထပ်ခါထပ်ခါ ရောင်းချခြင်းနည်းဗျူဟာ အောင်မြင်နေကြတယ်
တကယ်ပါ.. ခင်ဗျားတို့ရော ဘာလုပ်ကြမှာလဲ မျက်နှာစူပုပ်ပြီး သူဝယ်ချင်ဝယ် မဝယ်ချင်နေ လုပ်နေကြဦးမှာလား
အခမဲ့လေး မပေးချင်ဘူးလား သူမဝယ်လဲ ဝန်ဆောင်မှုကောင်းကောင်းမပေးချင်ကြဘူးလား..
စေတနာ အပြည့်မထားချင်ကြဘူးလား..
တကယ်ပါ စေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။
Win – Win Strategy ပါ။
ကဲ ခင်ဗျားတို့ကော ဘယ်လိုလဲ..
Leave a Reply