ဆရာဝန် ၊ သူနာပြု ဆရာမလေးတွေ ကို ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ် သင့်တဲ့ အချက် (၇) ချက်

ဆရာဝန် ၊သူနာပြု ဆရာမလေး တွေကို ချစ်သူ တော်ထားရတဲ့ ကောင်လေးတွေ ဟာ ကံအကောင်းဆုံး သူတွေ ဖြစ်ကြ ပါတယ်တဲ့ ။ ဘာလို့လဲ ဆို တော့ သူနာပြု ဆရာမလေးတွေ ကပဲ အခုလို ဂုဏ်ပုဒ်လေးတွေ ပိုင်ဆိုင် ထားတာ ကြောင့်ပါပဲ ….

(၁) သတ္တိ ရှိတယ်၊ ရဲရင့်တယ် ”

ဆရာဝန် နဲ့သူနာပြု ဆရာမလေးတွေက သတ္တိ ရှိတယ်၊ ရဲရင့်တယ် ၊ သူတို့ ချစ်တဲ့ သူတွေရဲ့ အခက်အခဲ တွေကို အတူတူ ရင်ဆိုင်ဖို့ အမြဲ အသင့် ရှိနေတဲ့ သူလေးတွေ ဆိုလည်း မမှားပါဘူး …။

(၂) ဘဝအတွက် အရေးကြီးတာတွေကို တန်ဖိုးထားတတ်တယ် ”

သူတို့ မျက်စိ ရှေ့မှာ နာမကျန်း ဖြစ်နေ တဲ့ လူနာပေါင်း များစွာကို မြင်ခဲ့ဖူး တာကြောင့် လူတယောက်အတွက် ဂုဏ်ဒြပ်တွေက အရေး မကြီးတာကို ကောင်းကောင်း သိတယ်။ ဒါကြောင့် အရေးကြီးတဲ့ ချစ်ခြင်း မေတ္တာ နဲ့ မိသားစုကို တန်ဖိုးထားတဲ့ သူလေးတွေပဲ ဖြစ်ပါတယ် …။

(၃) စိတ်ရှည်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူး ”

သူနာပြု ဆရာမလေးတွေ စိတ်ရှည်တာ ကိုတော့ အထူးပြောစရာ မလိုပါဘူးနော် ။ လူနာ အပေါ်မှာ စိတ်ရှည် သလို ချစ်သူကိုလည်း စိတ်ရှည်မှာ အသေအချာပါပဲ …။

(၄) ကြင်နာတတ်သူလေး ”

နာမကျန်း ဖြစ်နေတဲ့ သူတွေ အပေါ်မှာ ကြင်နာရုံတင် မကပါဘူး၊ ချစ်တဲ့သူနဲ့ မိသားစု၊ သူငယ်ချင်းတွေကို ကြင်နာ တတ်တာလည်း သူနာပြု ဆရာမလေးတွေပါပဲ …။

(၅) ချစ်သူကို အကောင်းဆုံး ပံ့ပိုးပေး နိုင်သူ ”

ဆရာဝန်နဲ့သူနာပြုဆရာမ ဆိုတာကလည်း ဉာဏ် ရည်မြင့်မှ ဖြစ်နိုင်တာပါ။ ဉာဏ်ရည်မြင့်တဲ့ သူနာပြု ဆရာမလေးကို ပိုင်ဆိုင်ထား မှတော့ သူက သင့်ကို အောင်မြင်မှုတွေ ရအောင် ပံံ့ပိုးပေး နိုင်မယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး …။

(၆) မိခင်ကောင်းတစ်ယောက်ဖြစ်မယ့်သူ ”

ကျန်းမာရေး စောင့်ရှောက်မှုတွေ ကျွမ်းကျင်တယ်၊ ကြင်နာ တတ်တယ်၊ စိတ်ရှည်တယ်၊ ဉာဏ်ရည်မြင့်တယ် … ဒီလို မိန်းကလေးက မိခင်ကောင်း မဖြစ်ရင် ဘယ်သူက ဖြစ်တော့မှာလဲနော် …။

(၇) အရေးပေါ် အခြေအနေတွေမှာ ဘယ်လို ဖြေရှင်းရမလဲ ကောင်းကောင်းသိတယ် ”

ရုတ်တရက် ဖြစ်လာတဲ့ လူမှုရေး ပြဿနာ၊ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်တာ ကလည်း သူနာပြုဆရာမ လေးတွေ ပါပဲနော် ။ အခြေအနေ အရပ်ရပ်မှာ ကောင်းကောင်း ကိုင်တွယ် နိုင်တဲ့သူလေး တွေပေါ့ …။

Be the first to comment

Leave a Reply

Your email address will not be published.


*