ပင်စင်ယူပြီးတဲ့ချိန်အတူနေထိုင်ဖို့ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးတစ်လုံး အတူဆောက်လုပ်ခဲ့ကြတဲ့ သူငယ်ချင်း မိန်းကလေး 7ဦး (ရုပ်သံ)

တရုတ်နိုင်ငံက မိန်းကလေး 7ဦးဟာ သူမတို့သူငယ်ချင်းအုပ်စုအတူတူပင်စင်ယူဖို့စီစဉ်ထားတဲ့အပြင် ၊ ပင်စင်ယူပြီးခဲ့ရင်လည်း အတူနေထိုင်ဖို့လည်းဆုံးဖြတ်ခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ အဖွဲ့ထဲမှသူငယ်ချင်းတစ်ဦးက စနှောက်ပြီးအစီအစဉ်ကိုပြောပြခဲ့တာပါ ။

သို့ပေမဲ့လည်း အခြားတစ်ယောက်က Guangzhou မြို့ရဲ့ ဆင်ခြေဖုံးမှ ဆောက်လုပ်လက်စနေအိမ်တစ်လုံးကိုတွေ့ရှိသွားခဲ့ပြီးနောက် သူမတို့ရဲ့အစီအစဉ်ဟာအမှန်တကယ်ကိုဖြစ်မြောက်လာခဲ့ပါတော့တယ် ။ သူမတို့သူငယ်ချင်းအုပ်စုဟာ မောင်နှမအရင်းတွေထက်ပိုမိုချစ်ခင်ကြလို့အတူနေနိုင်အောင် အဆိုပါအိမ်ကို $580,000 ပေးပြီး ဝယ်ယူခဲ့ကြပါတယ် ။

ဆောက်လုပ်လက်စမပြီးမစီးပဲစွန့်ပစ်ထားတဲ့အိမ်ကြီးကို ခေတ်သစ်ဒီဇိုင်းပုံစံတွေနဲ့ဖန်တီးခဲ့ပြီး ၊ နေအိမ်ရဲ့ပတ်ဝန်ကျင်မှာလည်း တောင်ကုန်းတောင်တန်း ၊ သစ်တော၊ ပန်းခြံလေးတွေနဲ့ ဝန်းရံထားတဲ့အတွက် သူမတို့ပင်စင်ယူပြီးကြရင် အနားယူအပန်ဖြေနိုင်ဖို့အကောင်းဆုံးနေရာဖြစ်ခဲ့ပါတယ် ။

 

သူမတို့နေအိမ်ကြီးဟာ အိပ်ခန်းတွေ ၊ စားသောက်ခန်းတွေ ၊ အနားယူခန်းတွေနဲ့ ခမ်းခမ်းနားနားတည်ဆောက်ထားခဲ့တာပါ ။ သူမတို့သူငယ်ချင်းအုပ်စုအတူနေထိုင်တဲ့ချိန်အဆင်ပြေအောင် တစ်ဦးတစ်ယောက်စီမှာ အရည်အချင်းတစ်ခုစီရှိအောင်လေ့လာသင်ယူထားအုံးမည်ဖြစ်ကြောင်း ပြောပြသွားခဲ့ပါသေးတယ် ။

 

အချင်းချင်းခင်မင်လာခဲ့တာ နှစ်ပေါင်း 20 ကျော်ခန့်ရှိနေပြီဖြစ်လို့ မခွဲနိုင်မခွာရက်ပဲ ယခုလိုအတူနေဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်းလည်း သိရပါတယ် ။

 

 

Source: .boredpanda

Be the first to comment

Leave a Reply

Your email address will not be published.


*