
Tzuyang ခေါ်သူ ကိုရီးယားသူလေးဟာ ဘယ်သူမှထင်မထားတ့ ဲ Video တစ်ခုကိုရိုက်ကူးခဲ့ပါတယ်။ သူမရဲ့ Videos တွေထဲမှာမှ ဒီတစ်ခုက တကယ်ကြီးကို အံ့သြစရာပါ…ဆူရှီ အခု၂၄၀ ကို အချိန် နှစ်နာရီ ခွဲအတွင်းစားကုန်ခဲ့ပါတယ်။
အအေးလေးသောက်လိုက်စားလိုက်နဲ့သူမကတော့ အေးဆေးလေးစားနေပင်မဲ့ကြည့်ရတဲ့သူတွေအမြင်မှာတောင်အတော်ကို ဗိုက်ပြည့်နေပါပြီ …ကဲ အစားတလိုင်းတို့လည်း မျက်လုံးလေးနဲ့ ခံစားပြီးစားကြည့်လို့ရအောင် အာဂကိုရီးယားသူလေးရဲ့ Video လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်… မျက်လုံးမျက်ဆံပြူးနဲ့ တအံ့တသြဖြစ်ကြမှာ မင်မင်ကတော့မြင်ယောင်သေး 😛
ကယ်လိုရီ ၁၅၀၀၀ ကို မအီ မနင်ပဲ အားပါးတရစားနိုင်တာ တော့ ဆရာမကြီးပဲနော် 😛
ပါးစပ်လေးထဲ ထည့်တယ် အေးဆေးပဲ….
အားပါးတရစားမယ် …
Leave a Reply