လေဖြတ်တဲ့ဝေဒနာ ခံစားနေရတဲ့ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် ဆရာဝန်အလုပ်ကိုစွန့်လွှတ်ပစ်ခဲ့တဲ့ အမျိုးသား

လူသားတွေအကုန်လုံးကတော့ ရည်ရွယ်ချက်တွေ ၊ မျှော်လင့်ချက်တွေ နဲ့ အိမ်မက်တွေကိုယ်စီရှိကြမှာပါပဲ ။သို့ပေမဲ့လည်း လူသားတိုင်းတော့ အဆိုပါအရာတွေကိုအောင်မြင်လေ့ မရှိကြပါဘူး ။ ကိုယ်ချစ်မြတ်နိုးတဲ့သူတွေအတွက်ဆိုရင်တော့ သေချာတဲ့စွန့်လွတ်မှုမျိုးကိုတော့ ပြုလုပ်ရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း Faiq Syukri အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ သူ၏ဖျားနာနေတဲ့ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက်နဲ့ ဆရာဝန်အလုပ်ကိုစွန့်လွှတ်ခဲ့ပါတယ် ။ဖခင်ဖြစ်သူ 5နှစ်လောက်လေဖြတ်ဝေဒနာခံစားခဲ့ရပြီးနောက် Faiq ဟာအဆိုပါဆုံဖြတ်ချက်မျိုး ချခဲ့ခြင်းဖြစ်ပါတယ် ။

Faiq ဟာအမှန်တကယ်တော့ အိုင်းယာလန်း၏ Dublin မြို့တော်မှာရှိတဲ့ Royal College of Surgeons မှ ဆေးပညာနှင့်ဆိုင်သောဘွဲ့ရရှိပြီးသူ တစ်ယောက်ဖြစ်ပါတယ် ။ယခုအချိန်မှာတော့ ဘဏ္ဍာရေးအကြံပေးသူတစ်ယောက်အနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အဆိုပါဆုံးဖြတ်ချက်မျိုးချခဲ့ရခြင်းဟာ မိခင်ဖြစ်သူဟာ လေဖြတ်နေသောဖခင်နှင့် သူ၏မောင်နှမများကိုတစ်ယောက်ထဲရုန်းကန်ပြီးပြုစုစောင့်ရှောက်နေရတာကို မမြင်ရက်တော့လို့ဖြစ်ကြောင်း သိရှိရပါတယ် ။

Faiq ကတော့ “ကျွန်တော် 2017ခုနှစ်မှာ ဘွဲ့ရပြီးတဲ့နောက် Batu Pahat ဆေးရုံမှာ အလုပ်ဝင်လုပ်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ် ။ ကျွန်တော့်အဖေကိုပြုစုစောင့်ရှောက်နိုင်ဖို့ အလုပ်သက်တမ်းရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ဒါပေမဲ့လည်း တစ်ကြိမ်ထဲမှာပဲ ဆရာဝန်အလုပ် လုပ်ကိုင်ခြင်းမျိုးကို ရပ်တန့်ပစ်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

အစပိုင်မှာတော့ သူ၏ဆုံးဖြတ်ချက်ကြောင့် ဝေဖန်မှုအမျိုးစုံနှင့်ရင်ဆိုင်ခဲ့ရပေမဲ့လည်း သူ၏မိသားစုဝင်များက အနောက်ကနေအမြဲထောက်ခံအားပေးခဲ့ကြောင်း သိရှိရပါတယ် ။ ဆရာဝန်အလုပ်ရပ်နားခြင်းရဲ့ အဓိကအကြောင်းကတော့ မိခင်ဖြစ်သူဟာ ပင်ပင်ပန်းပန်းဖြင့်ဖခင်ဖြစ်သူကို ပြုစုနေရခြင်းကို မြင်တွေ့နေရသောကြောင့် ဖြစ်ပါတယ် ။

ဘဏ္ဍာရေးအကြံပေးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေခြင်းက ဖခင်ဖြစ်သူ၏အနားတွင်နေပေးရန် အချိန်ပိုမိုရရှိခဲ့ပြီး ၊ မောင်နှမဖြစ်သူတို့ကို ထောက်ပံ့ပေးဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ရရှိနေသောကြောင့် ဖြစ်ကြောင်းသိရှိရပါတယ် ။တစ်ခါတစ်လေမှာတော့ ကိုယ့်ရဲ့အနီးဝန်ကျင်မှာရှိနေတဲ့ လူတွေက ကိုယ့်ရဲ့ဆုံးဖြတ်ချက်၏အဓိကအကြောင်းရင်ကို နားမလည်ဘဲဝေဖန်တက်ကြပေမဲ့ ၊ ကိုယ့်ရဲ့စေတနာတွေက ဖြူ စင်သန့်ရှင်းနေတယ်ဆိုရင်တော့ သေချာပေါက်အောင်မြင်မှုကို ရရှိကြမှာပဲ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*