
လောကကြီးက ထူးဆန်းလှပါတယ်။ ခွေးနှင့်ကြောင် ခင်မင်တာလိုမျိုး မေတ္တာတရား အသွားအပြန်ရှိတယ်ကိစ္စတွေလည်း ရှိပါတယ်။ ယခုအခါမှာလည်း မျောက်မလေးက ကြက်ကလေးကို မွေးစားထားတာပါ။ မျောက်မလေးက ကြက်ကလေးကို သူ့သားသမီးလို ပြုစုထားပါတယ်။
ယခု ဖြစ်ရပ်ကတော့ အစ္စရေးမှာ ဖြစ်ပျက်ခဲ့တာပါ။ အစ္စရေးက တိရစ္ဆာန်ဥယျာဉ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၀နှစ်ရှိ Niv လို့ခေါ်တဲ့ မျောက်မလေးက တစ်ရက်မှာ ကြက်ကလေးကို တွေ့ရှိခဲ့ပါတယ်။ ထို့နောက်မှတော့ Niv က ကြက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။
မျောက်မလေးက ကြက်ကလေးကို အမွှေးတွေကို ပွတ်ပေးသပ်ပေးပါတယ်။ ကြက်ကလေးကလည်း မျောက်မလေးနှင့်ပျော်နေပါတယ်။ သူတို့နှစ်ယောက်ကတော့ ကြင်ကြင်နာနာနဲ့ နေလျက်ရိ်ှပါတယ်။ အောက်မှာတော့ ပရိသတ်ကြီးအဖို့ မျောက်မလေးနှင့် ကြက်ကလေးတို့၏ ချစ်ခြင်းဖွဲ့မေတ္တာကို ဗီဒီယိုနှင့် တင်ပြပေးလိုက်ပါတယ်။
Leave a Reply