ဗိုက်ဆာလို့အစာတောင်းစားခဲ့မိလို့ ဆီပူနဲ့ လောင်းပက်ခြင်းခံခဲ့ရတဲ့ ကြောင်မလေး

ကြောင်ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ကောင်းတဲ့ပုံပန်းသွင်ပြင်ရှိပေမဲ့လည်း ဘာလို့များလူတွေကညင်းပန်းနှိပ်စက်ချင်ကြတာလဲဆိုတာ ခန့်မှန်းလို့တောင်မရတော့ပါဘူး ။ ဒီဖြစ်ရပ်ကတော့ 2017 ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း social media ပေါ်မှာတခါပြန်လည် ရေပန်းစားနေခဲ့တဲ့အဖြစ်အပျက်လေးဖြစ်ပါတယ် ။အဆိုပါ ကိုယ်ဝန်ဆောင်ထားတဲ့ကြောင်မလေးဟာ အစာရှာဖို့ခြေဦးတည့်ရာလျှောက်သွားရင်နဲ့ အသားကြော်အနံ့လေးရခဲ့ပါတယ် ။ ထို့နောက် ၎င်းအနံ့အတိုင်းလိုက်သွားရင်နှင့် မီးဖိုချောင်တစ်ခုဆီသို့ ဝင်သွားခဲ့မိပါတယ် ။ကြောင်မလေးဟာ အစာကြွေးအောင်အော်မြည်ပြီးအချက်ပေးခဲ့ပေမဲ့လည်း အစာကြွေးမည့်အစား ဒယ်အိုးထဲမှဆီပူပွတ်ပွတ်နှင့် လောင်ပက်ခြင်းခံခဲ့ရပါတယ် ။

ကြောင်မလေးကို အမြဲအစာကျွေးနေကျ လူတစ်ယောက်ကကြောင်မလေးကို မတွေ့မိတာရက်ပေါင်းအနည်းငယ်ကြာခဲ့ပြီး ၊ ပုပ်သိုးနေသောအနံ့ကိုလည်း ရနေခဲ့ပါတယ် ။ ထို့ကြောင့် အနံ့အသက်ရရှိရာနေရာသို့သွားရောက်စစ်ဆေးကြည့်ခဲ့ချိန်မှာတော့ ဒဏ်ရာရရှိနေပြီး ကြောင်ပေါက်လေး 6ကောင် မွေးထားတဲ့ကြောင်မလေးကို တွေ့ရှိသွားခဲ့ပါတယ် ။ထို့နောက် ကြောင်မလေးကိုတိရစ္ဆာန်ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ၊ ကံကောင်းစွာဖြင့် အဆိုပါဆေးခန်းတွင်ကြောင်ပေါက်လေးတွေကို နို့တိုက်ကျွေးပေးနိုင်သော ကြောင်မကြီးတစ်ကောင်လည်း ရှိနေခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ကြောင်မလေးကို ကယ်ဆယ်ပေးခဲ့တဲ့ လူတစ်ယောက်ဟာ ကြောင်မလေးကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ် ။ လအနည်းငယ်အကြာမှာတော့ ကြောင်မလေးဟာ ပြန်လည်းနေကောင်းကျန်းမာလာခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ကြောင်မလေး၏ခြေဖဝါးများတွင်ရှိသော အကြောလေးတွေဟာသေဆုံးသွားခဲ့တဲ့အတွက် ကြောင်မလေးမှာသူ့၏ခြေဖဝါးများကို ဆုံးရှုံခဲ့ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*