ဟော်တယ်မှာ (၇)ရက်လုံး တံခါးပိတ်နေတဲ့ စုံတွဲကို မသင်္ကာလို့ သွားကြည့်လိုက်တဲ့အခါ

လူငယ်စုံတွဲလေး တစ်တွဲ high-class ဟော်တယ်တည်းခန်းကို ငှားဖို့ရောက်လာပါတယ်။ ငှားတာကလည်း (၇)ရက်တဲ့။ (၇)ရက်လုံး အခန်းထဲကကို နှစ်ယောက်လုံး ထွက်မလာပါဘူး။ ဟော်တယ်ပိုင်ရှင်ကစိတ်ထဲ မသင်္ကာတာနဲ့ မုန့်လာပို့တဲ့သူလို့ ဟန်ဆောင်ပြီး သူတို့အခန်းထဲ ဝင်ကြည့်တဲ့အခါ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။


သူတို့သေချာ ပြင်ဆင်ထားတဲ့လှပတဲ့ အခန်းဟာ ခြေချစရာနေရာမရှိအောင် ရှုပ်ပွပြီး ညစ်ပတ်နေတာမြင်လိုက်ရတော့ ဟော်တယ်ပိုင်ရှင် အမျိုးသမီးလည်း ဒေါသထွက်သွားပါတယ်။ ဓာတ်ပုံတွေရိုက်ပြီး ဆိုရှယ်မီဒီယာက သူမကိုယ်ပိုင်အကောင့်မှာ ဒီဖြစ်စဉ်ကို တင်ထားခဲ့ပါတယ်။

တော်တော်လေး သန့်ရှင်းရေးလုပ်ရမယ့် အခန်းပါ။ အစားစာတွေရော ၊ အအေးဗူးခွံတွေရော နံ့စော်နေပြီး အကျီ ၤတွေလည်း တောင်လိုပုံနေတာ မြင်ရတယ်။ ဘာလို့ ဒီလိုမျိုး ရှုပ်ပွနေအောင် နေလည်း မေးတော့ လူငယ်စုံတွဲလေးဟာ အခုဆို တက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေပြီး အရေးကြီးတဲ့ ပရောဂျက်ကို လုပ်ရမှာဖြစ်လို့ ၊ အချိန်လည်းမရှိတာကြောင့် ဒီလောက်ညစ်ပတ်နေတာလို့ ပြန်ရှင်းပြပါတယ်။


အင်တာနက်သုံးစွဲသူတွေက စာလုပ်တာ အိမ်မှာလုပ်လို့ရတာပဲလို့ ထင်မြင်ချက်ပေးကြသလို တချို့ကလည်း သူတို့အိမ်မှာ အခက်ခဲရှိလို့ဖြစ်မှာပေါ့လို့ နားလည်ပေးကြလေရဲ့။

 

Be the first to comment

Leave a Reply

Your email address will not be published.


*