
လူတွေဟာ တစ်ခါတစ်လေမှာ လမ်းသွားနေရင်း ဆီးထွက်ကျတာတို့၊ အလေးသွားမိတာတို့တွေက ဖြစ်တတ်ပါတယ်။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ တစ်ချို့လူတွေဆို အရယ်လွန်ပြီးတော့ အမှတ်မထင်ပဲ ဆီးထွက်ကျမိတာတို့၊ လေလည်မိတာတို့မျိုး ဖြစ်တတ်ပါတယ်။ လူတော်တော်များများက အဲဒီလိုဖြစ်ရင် လှောင်စရာတစ်ခုလို သဘောထားပြီး ရယ်တတ်ကြပါတယ်။ အခုလည်း ဂျပန်နိုင်ငံက အမျိုးသမီးဟာသသရုပ်ဆောင်တစ်ယောက်ဟာ Live တီဗ္ဗီအစီအစဉ်တစ်ခုမှာ အရယ်လွန်ပြီး ဆီးထွက်ကျခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ အမျိုးသမီးကတော့ Haruka Fuwa လို့ အမည်ရတဲ့ ဂျပန်ဟာသသရုပ်ဆောင်၊ အမျိုးသမီး Youtuber တစ်ဦး ဖြစ်ပါတယ်။ Haruka ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပြုလုပ်ခဲ့တဲ့ Live တီဗ္ဗီအစီအစဉ်တစ်ခုမှာ အရယ်လွန်ပြီး ဆီးထွက်ကျခဲ့ပါတယ်။ ဂျပန်ရုပ်သံဌာန Nippon TV က တိုက်ရိုက်ထုတ်လွှင့်တဲ့ 24 Hour Television Love Saves Earth အစီအစဉ်မှာ Haruka ဟာ ဧည့်သည်တင်ဆက်သူအဖြစ် ဖိတ်ခေါ်ခံခဲ့ရပါတယ်။
ဒီလိုနဲ့ စကားဝိုင်းစပြီး သိပ်မကြာခင်မှာ အဆိုပါ စကားဝိုင်းမှာရှိတဲ့ ဝါးခနဲ ရယ်ခဲ့မိပါတယ်။ ဒီလိုနဲ့ Haruka ဟာ အရယ်မရပ်ပဲ တောက်လျှောက်ရယ်နေခဲ့ပြီး သိပ်မကြာခင်မှာ ဆီးတွေပါ ထွက်ကျခဲ့ပါတယ်။ ဒါကိုသိတဲ့ စကားဝိုင်းက အမျိုးသားတစ်ယောက်ဆိုရင်လည်း ချက်ချင်း Haruka အရှေ့ကို ရောက်လာပြီး သူ့ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးခဲ့ပါသေးတယ်။
“ကျွန်မအနေနဲ့လည်း တော်တော်လေးကို ရှက်မိပါတယ်။ ရုတ်တရက်ဆိုတော့ အရယ်လွန်ပြီး ဆီးထွက်သွားတာပါ။ အဲဒီအတွက် ကျွန်မရဲ့ ပရိသတ်တွေကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်။ ပြီးတော့ ဒီအစီအစဉ်ကို ကြည့်ရှု့နေတဲ့ ပရိသတ်တွေကော၊ တာဝန်ရှိ လူကြီးမင်းတွေပါ တောင်းပန်ပါတယ်ရှင်”လို့ Haruka က ပြောကြားခဲ့ပါတယ်။
Leave a Reply