ထောင်သားတွေ တူးဖော်ခဲ့ကြတဲ့ အကျဉ်းထောင်မြေအောက်က တရားမဝင်စိန်တွင်း

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အကျဉ်းထောင်တစ်ခုရဲ့မြေအောက်မှာ တရားမဝင်စိန်တွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အိုစီအိုမြို့နေ ထောင်အကျဉ်းသားတွေ၊ အကျဉ်းထောင်အရာရှိတွေနဲ့ ဒေသခံနေထိုင်သူတွေအားလုံးဟာ မိုင်းတွင်းမှာ စိန်တွေကိုတူးဖော်နေခဲ့ကြပါတယ်။


အချို့အကျဉ်းသားတွေဆိုရင် ပြစ်ဒဏ်ရက်စေ့လို့ ထောင်ကလွတ်ပြီးတာတောင်မှ မပြန်ကြသေးပဲ ထောင်တွင်းမှာပဲနေပြီး စိန်တူးနေခဲ့ကြတာပါ။


အခုအခါမှာတော့ ဒေသတရားစီရင်ရေးဌာနက အကြီးအကဲတစ်ဦးဖြစ်တဲ့ ဂျရတ်ကွန်ဘိုဇီက စိန်မိုင်းတွင်းကို ပိတ်ပစ်မှာဖြစ်ပြီး စိန်တွင်းကို လာရောက်တူးဖော်တဲ့သူမှန်သမျှ ပြစ်ဒဏ်ချမှတ်မယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ကွန်ဘိုဇီကတော့ စိန်တူးဖော်ခဲ့တဲ့ အကျဉ်းသားတွေကို အပြစ်တင်ခဲ့ပါတယ်။


အကျဉ်းထောင်အစောင့်အပါအဝင် လူ(၃၀)ကျော်ဟာ မိုင်းတွင်းကိုတူးဖော်ခဲ့ကြကြောင်းနဲ့ အချို့ကလည်း စိန်သေတ္တာတွေနဲ့အလုပ်များနေပြီး အချို့ကလည်း မြေကြီးမှာတူးဖော်နေတာတွေ့ခဲ့ရကြောင်း ပြောပြပါတယ်။ စိန်တူးသူတွေကတော့ (ဝ.၁) နဲ့ (ဝ.၁၅)ဂရမ် အသီးသီးရှိတဲ့စိန်တုံးတွေကို တူးဖော်ရရှိခဲ့ပြီး ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*