ခွေးကဒဏ်ရာကို လျှာနဲ့လျက်မိလိုက်လို့ ခြေလက်အဂါၤတွေအကုန်ဖြတ်တောက်ပစ်လိုက်ရတဲ့ အမျိုးသမီး

ခွေးကဒဏ်ရာကို လျှာနဲ့လျက်မိလိုက်လို့ ခြေလက်အဂါၤတွေအကုန်ဖြတ်တောက်ပစ်လိုက်ရတဲ့ အမျိုးသမီး

Ohio ပြည်နယ်မှာနေထိုင်တဲ့ Marie Trainer အမည်ရှိတဲ့အမျိုးသမီးဟာ Carribean ကနေပြန်လာပြီးနောက် မေလအစောပိုင်လောက်မှာ သူမရဲ့ကျန်မာရေးအခြေအနေဟာဆိုးဝါးလာခဲ့တဲ့အတွက်သူမဟာ တုပ်ကွေးရောဂါခံစားနေခဲ့ရတယ်လို့သာထင်နေခဲ့ပါတယ် ။သူမဟာအရေးပေါ်ဆေးကုသမှုခံယူခဲ့ပေမဲ့လည်း ဆရာဝန်ပြောကြားချက်အရ သူမရဲ့အသည်းနဲ့ ကျောက်ကပ်နှစ်ခုလုံးဟာ ပျက်ဆီးနေခဲ့ပြီး ၊ ၎င်းတို့ကိုပျက်ဆီးစေခဲ့တဲ့အကြောင်းကိုတော့ အတိအကျမသိခဲ့ပါဘူး ။

ထို့ကြောင့်သူမ၏ခင်ပွန်းဟာသူမကို အခြားဆေးရုံသို့ပို့ဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ် ။၎င်းဆေးရုံမှာ သူမ10ရက်လောက်တက်ရောက်ပြီးချိန်မှာတော့ သူမရဲ့ခြေတွေ လက်တွေမှာရှိတဲ့အကြောငယ်လေးတွေကို သူမရဲ့အရင်းအမြစ်ကိုမသိရှိရသေးတဲ့ရောဂါက ကိုက်ဖြတ်တိုက်ခိုက်နေကြောင်းသိရှိခဲ့ရပါတယ် ။ရောဂါကူးစက်ခံခဲ့ရတဲ့ တကယ့်အရင်းအမြစ်ကိုမသိရှိခင်မှာပဲ သူမရဲ့ခြေလက်တွေဟာ အတော်လေးပျက်ဆီးနေခဲ့ပါပြီ ။

သူမရဲ့မိသားစုဟာ တတိယအကြိမ်သူမကိုနောက်ထပ်ဆေးရုံသို့ ပြောင်းရွေ့ကုသချိန်မှာတော့ အဆိုပါဆေးရုံကကုသမှုအောင်မြင်ချင်တယ်ဆိုရင်တော့ သူမ၏ခြေလက်များကိုဖြတ်တောက်ပြီးကုသမှသာ ရမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ။နောက်ဆုံးမှာတော့ အဆိုပါရောဂါဟာ Capnocytophaga Canimorsus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး

၎င်းဘတ်တီးရီးယားပိုးဟာ ခွေး ၊ ကြောင် အစရှိသောတိရစ္ဆာန်များ၏ပါးစပ်တွေနေထိုင်လျက်ရှိတဲ့ သက်ရှိလေးများဖြစ်ပါတယ် ။ဘတ်တီးရီးယားပိုးမွှားများဟာ ခွေး ၊ ကြောင်များကိုတော့ ဖျားနာစေခြင်းမျိုးမရှိပေမဲ့ ၊တစ်ခါတစ်ရံမှာတော့ လူများကို ကိုက်မိခြင်း ၊ ကုတ်မိခြင်း ၊ လျှာနဲ့လျက်မိခြင်း များမှရောဂါပျံ့နှံ့စေပြီး ဖျားနာခြင်းများဖြစ်ပေါ်စေပါတယ် ။

ဆရာဝန်များကတော့ သူမလက်မောင်းမှာရှိတဲ့ပွန်းပဲ့ဒဏ်ရာအသေးလေးကို သူမ၏ခွေးနှစ်ကောင်က လျှာနဲ့လျက်မိ၍ ရောဂါကူးစက်ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြပါတယ် ။ထို့ကြောင့်သူမ၏ ခြေလက်များကိုဖြတ်တောက်ကာ ကုသမှုခံယူခဲ့ပါတယ် ။သူမဟာအဆိုပါ ခြေလက်ဖြတ်တောက်ပြီးကုသမှုမခံယူပါက သွေးမလျောက်၍ခန္ဓာကိုယ်တစ်ရှူ းများပုပ်ပွပျက်ဆီးခြင်း နှင့် ဆဲလ်၊ တစ်ရှူ းများသေဆုံးသွားခြင်းတို့ကြောင့်အသက်သေဆုံးသွားနိုင်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*