မြေးဖြစ်သူက စာမေးပွဲသွားမဖြေဘူးဆိုပြီး အိပ်နေခဲ့လို့ ရဲခေါ်ခဲ့တဲ့အဘွား

မြေးဖြစ်သူက စာမေးပွဲသွားမဖြေဘူးဆိုပြီး အိပ်နေခဲ့လို့ ရဲခေါ်ခဲ့တဲ့အဘွား

အဆိုပါအဖြစ်အပျက်ကို Thailand Police Story ဆိုသောအကောင့်တွင်ဖော်ပြထားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အဘွားတစ်ဦးဟာ သူမ၏ခေါင်းမာလွန်းလှတဲ့ မြေးလေးကကျောင်းသို့သွားပြီး စာမေးပွဲဖြေဆိုဖို့ကိုငြင်းပယ်ခဲ့တဲ့အတွက် ရဲခေါ်ပြီး အကူအညီတောင်းခဲ့ပါတယ် ။

အဘွားဖြစ်သူဟာ တာဝန်ကျနေသောရဲအရာရှိကို သူမ၏မြေးဖြစ်သူကျောင်းသွားရန် နားချပေးဖို့အသနားခံခဲ့ပါတယ် ။ရဲအရာရှိအိမ်အတွင်းသို့ဝင်ရောက်သွားချိန်မှာတော့ မြေးဖြစ်သူဟာ တော်တော်လေးအိပ်မောကျနေခဲ့ပါတယ် ။ရဲအရာရှိဟာလည်း နှံးခွေနေတဲ့ကောင်လေးကို နားလည်ခံယူတတ်အောင်ပြောဆိုခဲ့ပြီး ၊ ပညာရေးဟာအရေးကြီးကြောင်း အကြံဉာဏ်အချို့ဝေမျှပေးခဲ့ပါတယ် ။စိတ်ဝင်စားစရာကောင်းတဲ့ အားပေးလှုံ့ဆော်စကားတွေပြောဆိုပြီးနောက် ကောင်လေးဟာ ရဲအရာရှိနှင့်ကျောင်းသို့အတူတူသွားရန် ဆုံးဖြတ်ခဲ့ပါတယ် ။

၎င်း post ကိုပြန်လည်ဝေမျှသူများစွာရှိခဲ့ပြီး လူအများစုကတော့ အဘွား နှင့် ရဲအရာရှိတို့၏လုပ်ရပ်ကို ချီးကျူးကာ အသိအမှတ်ပြုခဲ့ကြပါတယ် ။အချို့သောသူများကလည်း ယခုကဲ့သို့အရာရာတိုင်းကိုလုပ်ဆောင်ပေးကြသောရဲများ များများလိုအပ်ကြောင်း ၊ ရဲအရာရှိကကျောင်းသို့ပို့ဆောင်ပေးတယ်ဆိုတာ တွေ့ရလေ့မရှိကြောင်း ရဲအရာရှိကို ဂုဏ်ပြုပေးကြပါတယ် ။

ကျောင်းတက်ပြီး ပညာသင်ယူခြင်းဟာကိုယ့်ရဲ့အနာဂတ် ပန်းတိုင်များကိုဖြစ်မြောက်အောင်မြင်စေမည်ဖြစ်သောကြောင့် အဘွား နှင့် ရဲအရာရှိတို့၏လုပ်ရပ်ကို တစ်နေ့နေ့တော့ မြေးဖြစ်သူနားလည်လက်ခံလာနိုင်မည်ဟု မျှော်လင့်မိကြောင်းကိုလည်း မှတ်ချက်ပေး ရေးသားခဲ့ကြပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*