
ဟောင်ကောင်မြို့မှာနေထိုင်သူလေး Chu Tsin-pui ဟာဖခင်ကြီး စီးပွားပျက်သွားပြီးနောက် မိသားစုအတွက် ရတဲ့အလုပ်ကို လုပ်ကိုင်ရင်း ရိုးသားကြိုးစားနေသူလေးပါ။ သူမရဲ့ မိသားစုကို ဖူလုံစေချင်တဲ့ အတွက်ကြောင့် တစ်လုပ်ပြီးတစ်လုပ်ကြိုးစားရှာပင်မဲ့ အလုံလောက်ခဲ့ပါဘူး။
ဒါကြောင့် နောက်ဆုံးမှာ အလေးထုတ်ကြီးတွေကို ထမ်းတဲ့ အလုပ်ကို ပါ မိန်းကလေးတန်မဲ့လုပ်ခဲ့ပင်မဲ့ တစ်ချက်မှ မငြိုငြင်ခဲ့သူပါ။ သူမရဲ့အကြောင်းကို သိထားတဲ့ မီဒီယာတွေဟာသူမအလုပ်လုပ်တဲ့နေရာထိလိုက်လာပြီးစုံစမ်း မှုတွေ မှတ်တမ်းတင်မှုတွေပြုလုပ်ခဲ့တာကြောင့်သူမကို လူပိုသိလာခဲ့ပါတယ်။
အဲ့နောက်မှာတော့သူမရဲ့ပြောဟန်ဆိုဟန်ဟာ လူ့ယဉ်ကျေးတစ်ယောက်ဖြစ်တာကြောင့် CAT footwear နဲ့ Jiangsu TV show “New Chinese Dating Time” အစီစဉ် အတွက် သူမကို ငှားခဲ့ပါတယ်။ သူမရဲ့ဖူးစာ တွေ့ရာနေရာလို့ပြောရမဲ့ New Chinese Dating Time အစီစဉ်မှာ သူမဘဝရဲ့လက်တွဲဖော်တစ်ယောက်ကိုရှာတွေ့ခဲ့ပါတယ်။
သူမရဲ့ ဇာတ်ကြောင်းကုန်စင်ကို ချပြလိုက်ရင် ယောကျာ်းလေးတွေ နောက်ဆုံးသွားမလားထင်ရပင်မဲ့ တကယ်တော့ အားလုံးကသူမရဲ့ရုန်းကန်လှုပ်ရှားပုံကိုကြည့်ပြီး အံ့အားသင့်လေးစားခဲ့ရတာပါ။ သူမကိုသဘောကျသူ Rong Disheng, ဆိုသူအမျိုးသားဟာ အသက် ၃၅နှစ်အရွယ်ရှိပါပြီ။ China Radio International ရဲ့တင်ဆက်ထုတ်လွှင့်သူတစ်ဦးဖြစ်ပြီး သူမကို မြတ်နိုးကြောင်း သူမဘဝကိုဒီထက်ပိုလင်းလက်အောင်သူကြိုးစားပေးမည့်အကြောင်းပြောရင်းသူမနှလုံးသားကို ဒီ New Chinese Dating Time အစီစဉ်မှာပဲအပိုင်သိမ်းသွားနိုင်ခဲ့ပါတယ်…အချစ်ရေးရဲ့ပျော်စရာကောင်းတဲ့ Ending လေးတွေက ရင်ကိုထိရှစမြဲပါပဲ…
Leave a Reply