ရဲစခန်းမှာ လက်ခလယ်ထောင်ပြီး selfies ဆွဲခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးရဲ. နောက်ဆက်တွဲ

ရဲစခန်းမှာ လက်ခလယ်ထောင်ပြီး selfies ဆွဲခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး အဖမ်းခံရ

လူတိုင်းကတော့ ကိုယ့်ရဲ့ဓာတ်ပုံတွေကိုအလှပဆုံး ၊ ဆွဲဆောင်မှုအရှိဆုံးဖြစ်ချင်ကြမှာပါ ။ တစ်ခါတစ်လေမှာတော့ တစ်ချို့သောသူတွေဟာဖြစ်သင့်ဖြစ်ထိုက်တာထက် တော်တော်လေးပိုပြီး လွန်ကဲသွားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ မှာနေထိုင်တဲ့ အသက် 19နှစ်အရွယ်ကောင်လေးဟာ ရဲစခန်းထဲမှာ ညစ်ညမ်းနဲ့လက္ခဏာဖြစ်တဲ့ လက်ခလယ်ကိုထောင်ပြီး selfies ဆွဲခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ Mark Jhun Ejorcadas အမည်ရှိတဲ့ကောင်လေးဟာ လုယက်မှုနှင့်အဖမ်းခံခဲ့ရတဲ့အစ်ကိုဖြစ်သူကိုသွားရောက်လည်ပတ်ခဲ့ချိန်တုန်းက ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ် ။Mark ၏ပြောပြချက်အရ အစ်ကိုဖြစ်သူကိုဖမ်းချုပ်ထားလို့ ရဲအရာရှိများကိုစိတ်ဆိုးဒေါသထွက်ခြင်းမျိုးကြောင့်မဟုတ်ဘဲ သူ၏ social media အကောင့်ရှိ profile ဓာတ်ပုံကို ‘အမိုက်စားလေး’ ဖြစ်ချင်ခဲ့၍ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အပြင် Mark ဟာရဲအရာရှိနှစ်ယောက်ကိုနောက်ခံထားပြီး ‘f*ck the police’ ဟုအော်ဟစ်ကာ လက်ခလယ်ထောင်၍ selfie ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ကံမကောင်းစွာနဲ့ပဲ ရဲအရာရှိတစ်ယောက်ကကြားသွားခဲ့ပြီး မတော်တရော်အပြုအမှုများဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေမှုဖြင့် အဆိုပါနေရာတွင်ပင်Markကို ဖမ်းဆီးခဲ့ပါတယ် ။ညီအစ်ကိုနှစ်ယောက်လုံးတော့ ထောင်ထဲမှာပြန်လည်ဆုံတွေ့နိုင်ချေရှိကြောင်းလည်း ခန့်မှန်းခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက်နှင့်ပက်သက်ပြီး Mark ဟာလည်းသင်ခန်းစာရရှိသွားမည်ဟုယူဆကြပြီး လူအများစုဟာလည်း ကိုယ့်၏အပြုအမှုနှင့် အပြောအဆိုများဟာ ကိုယ့်ကိုပြန်လည်ဒုက္ခရောက်စေတတ်ကြောင်းသင်ခန်းစာတစ်ခုဟု သတ်မှတ်ခဲ့ကြပြီး ၊ အခြားလူအနည်းစုကတော့ ၎င်းကိစ္စလေးဖြင့် Mark ကိုဖမ်းဆီးထိန်းသိမ်းခြင်းဟာ တရားလွန်လွန်းကြောင်း အမျိုးမျိုးသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။လ

Be the first to comment

Leave a Reply

Your email address will not be published.


*