သူခိုးတွေနောက်လိုက်ပြီး ကားကားချင်းဝင်တိုက်ပစ်တဲ့ ၈၁နှစ်အရွယ် အာဂဖွားဖွား

အသက် 81 နှစ်ရှိ ပင်ဆယ်ဗေးနီးယားက အဘွားအိုတစ်ယောက်ဟာ သူမရဲ့ပိုက်ဆံအိတ်ကိုလုယူပြီး ကားမောင်းထွက်ပြေးသွားတဲ့ သူခိုးတွေနောက်ကို အမှီလိုက်ပြီး သူမရဲ့ကားနဲ့ ကားကားချင်း ဝင်ဆောင့်ပစ်ခဲ့တာကြောင့် ကျန်ရစ်ခဲ့တဲ့ အပျက်အစီး အမှတ်အသားကိုကြည့်ပြီး ရဲတွေက သူခိုးနှစ်ယောက်ကို အလွယ်တကူ ဖမ်းနိုင်သွားခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

အင်္ဂါနေ့က ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် သူမအနားကိုချဉ်းကပ်လာတဲ့အချိန်မှာအမျိုးသမီးက Mount Pocono ကားလမ်းပေါ်က သူမရဲ့ကားထဲမှာထိုင်နေခဲ့တာဖြစ်ပါတယ်။ သူမက ကားပြတင်းပေါက်ကနေ သူတို့ကို လှမ်းစကားပြောနေတဲ့ အချိန်မှာပဲ တစ်ယောက်သောသူက သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲလုပြီး ကားမောင်း ထွက်ပြေးသွားခဲ့ကြပါတယ်။

အမျိုးသမီးကြီးက သူတို့နှစ်ယောက်နောက်ကို အမှီလိုက်ပြီး သူမရဲ့ကားနဲ့ ကားကားချင်း ဝင်တိုက်ပစ်ခဲ့ပေမယ့်လည်း သူခိုးစုံတွဲဟာ လွတ်မြောက်သွားခဲ့ပါတယ်။


ရအရာရှိတွေက သူခိုးစုံတွဲရဲ့ပျက်စီးနေတဲ့ကားကိုကုန်ခြောက်ဆိုင်ကားပါကင်မှာတွေ့ခဲ့ပါတယ်။

အသက် 34 နှစ်ရှိ ဝီလီယမ်ဟေရပ်စ်နဲ့ အသက် 30 နှစ်ရှိအဲရင်ဗန်မက်ထရာတို့ကိုဖမ်းဆီးခဲ့ပြီးလုယက်မှုအပြင် တခြားစွဲချက်တွေနဲ့ ဗုဒ္ဓဟူးနေ့ကစွဲချက်တင်ခဲ့ပါတယ်။

အဖွားအိုကို ဆေးဆိုင်တစ်ဆိုင်မှာ ငွေသားတွေနဲ့အတူ တွေ့လိုက်ရတာကနေစပြီး သူခိုးစုံတွဲက ပစ်မှတ်ထား ချဉ်းကပ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*