ဗိုက်ကိုခွဲ၊ လက်ထပ်လက်စွပ်ကို အထဲထည့်လို့ ချစ်သူ သူနာပြုမလေးကို လက်ထပ်ခွင့်တောင်းခဲ့သူ

ဒီလက်ထပ်ခွင့်တောင်းနည်းကတော့ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး၊ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး သော လက်ထပ်ခွင့်တောင်းနည်းဘဲဖြစ်ပါလိမ့်မယ်။ ဘယ်လို ယောက်ကျားလေးမျိုးက သူတို့ရဲ့ ချစ်သူကောင်မလေးကို ဗိုက်ထဲမှာ လက်ထပ်လက်စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းမလည်း။ ဒီလူကတော့ တောင်းပါတယ်။

ရိုမန်တစ်လည်း ဆန်နေသလို အပြင်လူတွေအတွက်တော့ ကြက်သီးတဖြန်းဖြန်းထနေရတဲ့ အချိန်ပါဘဲ။ ၎င်းအမျိုးသားဟာ ချစ်သူ သူနာပြုမလေးရဲ့ အလုပ်ကိုလိုက်သွားပြီးတော့ သူ့ရဲ့ အဝတ်အစားတွေကို ကူလဲပေးဖို့ပြောခဲ့ပါတယ်။သူ့မှာ ခွဲစိတ် ထားတဲ့ ဒဏ်ရာရှိနေပြီးတော့ အဲ့ဒီခွဲစိတ်ထားတဲ့ ဒဏ်ရာကို ကြည့်ပေးဖို့ကောင်မလေးကို အကူအညီတောင်းခဲ့ တာဘဲဖြစ်ပါတယ်။

အဲ့ဒီဒဏ်ရာထဲမှာတော့ သူမကို လက်ထပ်ခွင့်တောင်းမယ် လက်စွပ်လေးတစ်ကွင်း။သူနာပြုမလေးက ဒဏ်ရာက ပတ်တီးကို ဖြည်လိုုက်ပြီးပြီးချင်း တစုံတခုကို တွေ့လိုက်ရတာကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့ပြီး အဲ့ဒီအရာကို ဖယ်ထုတ်ဖို့အတွက် ဆေးရုံညှပ်ကို အသုံးပြုခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဘယ်အရာလည်းဆိုတာကို သူမသတိထားမိ သွားပြီး အရာရာကို နားလည်သွားတဲ့ အချိန်မှာတော့ မျက်ရည်တွေစီးကျလို့ ဘယ်လိုမှ မငြင်းဆန်တော့တာဘဲဖြစ်ပါ တယ်။

လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားကတော့ သူ့ရဲ့ဘဝမှာ မမေ့နိုင်စရာ လက်ထပ်ခွင့်တောင်းခြင်းမျိုးနှင့် သာ suprise လုပ်ချင်ခဲ့တာကြောင့် အခုလိုလုပ်ဖြစ်ခဲ့တာဘဲဖြစ်ပါတယ်။စမတ်ဖုန်းကိုင်ဆောင်ထားတဲ့ သူတို့ရဲ့ သူငယ်ချင်းက ဒီကြည်နူးစရာအကောင်းဆုံး အချိန်လေးကို ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေရာလေး ကတော့ ရရှားနိုင်ငံ အနောက်တောင်ပိုင်းမှာဘဲဖြစ်ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေးကို အောက်မှာ ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*