ချစ်သူကွယ်လွန်တာ တစ်နှစ်ကျော်ကြာပြီးတာတောင် နေ့တိုင်း စုံတွဲပုံတင်တာ မပျက်တဲ့ ကောင်မလေး

ဆိုရှယ်မီဒီယာမှာ နာမည်ကြီးခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲလေးကို စာဖတ်သူတို့လည်း သိမယ်ထင်ပါတယ်။ ကောင်မလေးက ဖိလစ်ပိုင်- တရုတ်စပ်ဖြစ်ပြီး မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမနာမည်က Janica Nam Floresca ပါ။

 


ပုံလေးတွေ အတွဲလိုက်တက်လာပြီး နောက်ဆုံးမှာတော့ သူမကောင်လေးရဲ့ဈာပနာပွဲမှာ ရပ်နေတဲ့သူမပုံကို စိတ်မကောင်းစွာတွေ့လိုက်ရတာပါပဲ။ ၂ဝ၁၇ နိုဝင်ဘာလထဲမှာ သူမကောင်လေး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

 


သူတို့နှစ်ယောက်အတူတူ ခရီးတွေအများကြီးသွားခဲ့ကြသလို ၊ အမှတ်တရတွေလည်း မနည်းတော့ပါဘူး။ သူမကောင်လေးက dancer တစ်ယောက်ဖြစ်ပါတယ်။ သူတို့ dancer ရဲ့နှစ်ပတ်လည်နေ့မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

 


သူတို့နှစ်ယောက်ရဲ့အင်စတာဂရမ်အကောင့်တွေမှာ နှစ်ယောက်သားရဲ့ကြည်နူးစရာပုံရိပ်လေးတွေနဲ့ပြည့်နှက်နေခဲ့တာပါ ။ Floresca က သူမချစ်သူ ဆုံးသွားတာ တစ်နှစ်ကျော်ကြာသွားတာတောင် အခုချိန်ထိ သူနဲ့ဓာတ်ပုံတွေကိုတင်နေဆဲပါပဲ။ သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*