
Kina Shen လို့်အင်တာနက်မှာရှာကြည့်ရင် များပြားပြီး လူကြိုက်များလှတဲ့ သူမရဲ့ဓာတ်ပုံတွေကို တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ မိတ်ကပ်အစွမ်း၊ နဂိုရှိပြီးသားအသားအရေ၊ ခန္ဓာကိုယ်၊ ရုပ်ရည်တို့ပေါင်းလိုက်တဲ့အချိန်မှာတော့လူလား၊ အရုပ်လေလား၊ ကာတွန်းဇာတ်ကောင်အလား ခွဲမရအောင် လှလွန်းလို့ပါ။
ဒါပေမယ့် Kina နာမည်ကျော်ရတာ တခြားအကြောင်းလဲရှိပါတယ်။ အများနဲ့မတူတဲ့ သူမရဲ့ ဖက်ရှင်စတိုင်ကြောင့်ပါ။ Kina ဟာ တခြားမိန်းကလေးတွေလို မိန်းကလေးဆန်ဆန် အရောင်တောက်တောက်တွေဝတ်တာကို မတွေ့ရဘဲ အများအားဖြင့် အနက်ရောင်ကိုသာရွေးပြီး ခပ်မိုက်မိုက်စတိုင်ကိုပဲ အသုံးချတာများတာကို တွေ့ရပါတယ်။
Instagram မှာ follower လေးသိန်းကျော်ရှိတဲ့ Kina ဟာ တစ်ခါတစ်လေ သူမ တကယ့်လူဖြစ်ကြောင်း သက်သေပြဖို့အတွက် မိတ်ကပ်လိမ်းနည်း Tutorial videoတွေ တင်လေ့ရှိပါတယ်။ သူမရဲ့မိတ်ကပ်မပါတဲ့ ချစ်စရာကောင်းလှတဲ့ပုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Leave a Reply