ချစ်သူက မွေးရပ်ကို ခဏပြန် ကလေးမွေးနေတုန်း တခြားတစ်ယောက်ကို လက်ထပ်လိုက်တဲ့ သစ္စာဖောက်

အချစ်ရေးမှာ အဆိုးဆုံး ကိစ္စကတော့ တစ်ယောက် အပေါ်တစ်ယောက် သစ္စာဖောက်တဲ့ ကိစ္စပါပဲ။ ယောကျာၤးဖြစ်စေ၊ မိန်းမဖြစ်စေ တည်ဆောက်ထားတဲ့ အရာတစ်ခုကို နည်းအမျိုးမျိုး၊ အကြောင်းမျိုးမျိုးနဲ့ ဖောက်ဖျက်နေတာတွေကို သိပ်တွေ့လာရတယ်။

အဆိုးဆုံးကတော့ မိန်းမက ကလေးမွေးနေတုန်းမှာ နောက် မိန်းမကို ကောက်ယူလိုက်တဲ့ ဇာတ်လမ်းပါပဲ။ Heather McGillian (၂၄ နှစ်) ဆိုတဲ့ စကော့တလန်နိုင်ငံသူဟာ ဒိုမီနီကန် နိုင်ငံက နိုင်ငံခြားသား အပန်းဖြေစခန်းတစ်ခုမှာ အက သမားအဖြစ် လုပ်ကိုင်ရင်း Adonis Rodriguez (၂၁ နှစ်) ဆိုတဲ့ အဲ့ဒီက နိုင်ငံသား လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

(၁)နှစ်ကျော် အတူနေလာခဲ့တဲ့နောက် Heather မှာ သားယောကျာၤးလေး ကိုယ်ဝန်ရှိလာတယ်။ အဲ့ဒါနဲ့ သူဟာ ကိုယ့်နိုင်ငံကို ပြန်ပြီး မီးဖွားဖို့ ဆုံးဖြတ်ခဲ့ပြီး သူ ခင်ပွန်းကတော့ ဗီဇာ အခက်အခဲရှိတဲ့အတွက် နေခဲ့ဖို့ ဖြစ်လာတယ်။ Heather အားလုံး အဆင်ပြေမှာပဲလို့ တွေးပြီး သားဦးလေးကို မွေးခဲ့တယ်။ အဲ့ဒီနောက် ခင်ပွန်းရှိရာဆီ ပြန်လာဖို့တောင် လုပ်နေပြီ။ ဒါပေမယ့် အဲ့ဒီ့အချိန် Adonis က နောက်တစ်ယောက်နဲ့ လက်ထပ်ထားနှင့်ပြီ။

Heather ဆီကို သူငယ်ချင်းတစ်ယောက်က Adonis နဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ ပျော်ရွှင်နေပုံ တွေ့ရတဲ့ မင်္ဂလာဓာတ်ပုံကို Facebook ကနေ တဆင့်ပို့ပေးခဲ့တယ်။ သူမမှာ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူး။ ရက်သတ္တပတ်လေး နည်းနည်းလောက် ကွဲကွားသွားတာနဲ့ ဒီလိုတော့ မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်ပါဘူး။ Adonis အနေနဲ့ ဒီ လျှို့ဝှက်မင်္ဂလာပွဲကို တစ်လထက် မနည်းကြိုပြီး စီစဉ်ထားခဲ့ပုံပါပဲ။

သူ လက်ထပ်လိုက်တဲ့ အမျိုးသမီးက ဂျာမဏီနိုင်ငံသူ Julia (၃၁ နှစ်) လို့ သိရပြီး သူတို့ အလုပ်လုပ်တဲ့ဆီကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က အလည်လာခဲ့ဖူးတယ်လို့သိရတယ်။ သူမနဲ့ Adonis တို့ Facebook မှာ အသိဖြစ်သွားတာရော၊ အပြန်အလှန် စာတွေပို့တာရော Heather က မှတ်မိနေခဲ့တယ်။

Heather က အခုကိစ္စအတွက် Adonis ကို ဖုန်းအဆက်သွယ်နဲ့ မေးမြန်တော့လည်း သကောင့်သားက ဝန်ခံတယ်။ ဘာလို့ လုပ်တာလည်းဆိုတော့ ဗီဇာ ရမယ့် နည်းက ဒီတစ်နည်းပဲ ရှိတော့လို့တဲ့။ ဒါပေမယ့် အင်တာဗျူးတစ်ခုမှ ကျတော့၊ လက်ထပ်လိုက်တယ်ဆိုတာ ဟုတ်မှန်ကြောင်း၊ လက်ထပ်တဲ့အချိန်မှာလည်း Heather နဲ့ ပတ်သက်မှုနေသေးကြောင်း ပြောပါတယ်။ အခုဆို သားလေးပါရှိနေပြီးဖြစ်တဲ့ အခါ Heather ကို တကယ်တောင်းပန်ပါတယ် ဆိုတဲ့အကြောင်းတွေကို ပြောသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Heather လည်း အမှန်တရားကို သိရှိခဲ့တယ်။ Adonis ဆီ Julia တိတ်တဆိတ် လာရောက်တွေ့တာ ဒီနှစ်ထဲကို (၄) ကြိမ်ရှိတောင် ရှိပြီ။ မိန်းမရှိတာသိတယ်၊ ကလေးရှိတာ သိရက်နဲ့ အခုလို လုပ်ခဲ့တာပါ။ ကလေးမွေးပြီးတော့ Heather က ဒိုမီကန်ကို ပြန်သွားပြီး ကလေးတစ်ဖက်နဲ့ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ Adonis ကိုလည်း ကလေးနဲ့ တွေ့ဆုံခွင့် အချိန်တစ်ချို့ သတ်မှတ်ပေးထားတယ်လို့ သိရတယ်။

ဘာမရိပ် မိအောင် နေခဲ့ပြီး တကယ်ကို အရူးဖြစ်သွားခဲ့တာပါ။ သစ္စာတွေပြည့်ဝတဲ့ လူလို ဟန်ဆောင်နေခဲ့ပြီး ကလေးနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေပြခဲ့ပါတယ်။ Together forever ဆိုပြီး ကလေးမွေးမှ နောက် မိန်းမတစ်ယောက်ကို လက်ထပ်လိုက်တာ သူမ အနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါတွေကို ကြားသိရလို့ စိတ်မကောင်းဖြစ်ရပေမယ့် အားလုံးက သူ့ ကံနဲ့ သူသွားမှာပါပဲ …

Be the first to comment

Leave a Reply

Your email address will not be published.


*