အရင်ပိုးတွေ့အလှပြင်ဆိုင်အမျိုးသမီးနဲ့ဆက်စပ်ပြီး ၉ ယောက်ကူးစက်ခံရ

ဒီမနက်ပိုးတွေ့လူနာအများဆုံးတောင်ဥက္ကလာမှာ အရင်ပိုးတွေ့အလှပြင်ဆိုင်အမျိုးသမီးနဲ့ဆက်စပ်ပြီး ၉ယောက်ကူးစက်ခံရကြောင်းသိရပါတယ်။

ဒီနေ့မနက်ထုတ်ပြန်တဲ့ ရန်ကုန်ပိုးတွေ့လူနာ၃၈ယောက်ထဲမှာ တောင်ဥက္ကလာ ရတနာလမ်းက အိုမီဂါအလှပြင်ဆိုင်မှာတွေ့ထားတဲ့ ကိုဗစ်၁၉အတည်ပြုလူနာအမျိုးသမီးနဲ့ဆက်စပ်ပြီး ၉ယောက်ကူးစက်ခံရကြောင်း တောင်ဥက္ကလာ ၈ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ဒီဗွီဘီကိုပြောပါတယ်။

စက်တင်ဘာ၂ရက်နေ့ကတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးနဲ့ဆက်စပ်ပြီး ဆိုင်ကို လော့ဒေါင်းလုပ်တဲ့အပြင် ဆိုင်ရှိဝန်ထမ်း၅၀ကျော်ကို ဆိုင်ထဲမှာဘဲ အသွားအလာကန့်သတ်ထားရာက ၉ယောက်ကို ရောဂါပိုး စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

တောင်ဥက္ကလာမှာ ပိုးတွေ့လူနာ၁၂ယောက်ထဲမှာ ၈ရပ်ကွက် က အိုမီဂါအလှပြင်ဆိုင်က ၉ယောက်၊ ဘားဆိုင်မှာအလုပ်လုပ်တဲ့ ၁၁ရပ်ကွက်ကသူ ၂ယောက်နဲ့ ၁၄/၁ရပ်ကွက် စီမံကိန်း(၁)က၁ယာက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုးတွေ့လူနာ၄၅ယောက်မှာ ဒီမနက်ပိုးတွေ့လူနာ၄၅ ရန်ကုန်တိုင်းက၃၈ယောက်နဲ့အများဆုံးဖြစ်ပြီး၊ရခိုင်ပြည်နယ်က၅ယောက်၊ရှမ်းပြည်နယ်က၁ယောက်၊ပဲခူးတိုင်းက၁ယောက်ပါဝင်ပါတယ်။

ရန်ကုန် ၃၈ယောက်ထဲမှာတောင်ဥက္ကလာကပိုးတွေ့လူနာ၁၂ယောက်နဲ့ကူးစက်ခံ မြို့နယ်တွေထဲအများဆုံးတွေ့ထားတာပါ။

ယခုသတင်းကို DVB မှပြန်လည်ဖော်ပြပါသည်။

Zawgyi

ဒီမနက္ပိုးေတြ႕လူနာအမ်ားဆုံးေတာင္ဥကၠလာမွာ အရင္ပိုးေတြ႕အလွျပင္ဆိုင္အမ်ိဳးသမီးနဲ႔ဆက္စပ္ၿပီး ၉ေယာက္ကူးစက္ခံရေၾကာင္းသိရပါတယ္။

ဒီေန႔မနက္ထုတ္ျပန္တဲ့ ရန္ကုန္ပိုးေတြ႕လူနာ၃၈ေယာက္ထဲမွာ ေတာင္ဥကၠလာ ရတနာလမ္းက အိုမီဂါအလွျပင္ဆိုင္မွာေတြ႕ထားတဲ့ ကိုဗစ္၁၉အတည္ျပဳလူနာအမ်ိဳးသမီးနဲ႔ဆက္စပ္ၿပီး ၉ေယာက္ကူးစက္ခံရေၾကာင္း ေတာင္ဥကၠလာ ၈ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေက်ာ္က ဒီဗြီဘီကိုေျပာပါတယ္။

စက္တင္ဘာ၂ရက္ေန႔ကေတြ႕ခဲ့တဲ့ ပိုးေတြ႕အမ်ိဳးသမီးနဲ႔ဆက္စပ္ၿပီး ဆိုင္ကို ေလာ့ေဒါင္းလုပ္တဲ့အျပင္ ဆိုင္ရွိဝန္ထမ္း၅၀ေက်ာ္ကို ဆိုင္ထဲမွာဘဲ အသြားအလာကန႔္သတ္ထားရာက ၉ေယာက္ကို ေရာဂါပိုး စစ္ေဆးေတြ႕ရွိတာျဖစ္ပါတယ္။

ေတာင္ဥကၠလာမွာ ပိုးေတြ႕လူနာ၁၂ေယာက္ထဲမွာ ၈ရပ္ကြက္ က အိုမီဂါအလွျပင္ဆိုင္က ၉ေယာက္၊ ဘားဆိုင္မွာအလုပ္လုပ္တဲ့ ၁၁ရပ္ကြက္ကသူ ၂ေယာက္နဲ႔ ၁၄/၁ရပ္ကြက္ စီမံကိန္း(၁)က၁ယာက္ ပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔မနက္ပိုးေတြ႕လူနာ၄၅ေယာက္မွာ ဒီမနက္ပိုးေတြ႕လူနာ၄၅ ရန္ကုန္တိုင္းက၃၈ေယာက္နဲ႔အမ်ားဆုံးျဖစ္ၿပီး၊ရခိုင္ျပည္နယ္က၅ေယာက္၊ရွမ္းျပည္နယ္က၁ေယာက္၊ပဲခူးတိုင္းက၁ေယာက္ပါဝင္ပါတယ္။

ရန္ကုန္ ၃၈ေယာက္ထဲမွာေတာင္ဥကၠလာကပိုးေတြ႕လူနာ၁၂ေယာက္နဲ႔ကူးစက္ခံ ၿမိဳ႕နယ္ေတြထဲအမ်ားဆုံးေတြ႕ထားတာပါ။

ယခုသတင္းကို DVB မွျပန္လည္ေဖာ္ျပပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*