ဘရိတ်နဲ့လီဗာမခွဲတက်လို့ ရေထဲထိုးဆင်းခဲ့တဲ့ ကား

အမျိုးသမီးတစ်ဦးဟာ ကားမောင်းနေချိန်မှာ ဘရိတ်ကိုနင်းရမဲ့အစား လီဗာကို မှားနင်းမိတာကြောင့် သူမောင်းနှင်တဲ့ ကားဟာ အပန်းဖြေစခန်းတစ်ခုရဲ့ ရေကူးကန်အတွင်း ထိုးဆင်းကျသွားတယ်လို့ FOX31 Denver သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါအမျိုးသမီးက အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ကဖြစ်ပြီးတော့တောင်ကုန်းတစ်ခုပေါ်ကို တစ်နာရီ မိုင် (၆၀)နှုန်းနဲ့ မောင်းလာတဲ့ သူ့ကားဟာ အခြားကားတစ်စီးကို တိုက်မိပြီး ခြံစည်းရိုးတစ်ခုကို ကျော်ဖြတ်ကာ Cheyenne Mountain အပန်းဖြေစခန်းအတွင်းရှိ ရေကူးကန်ထဲကို ထိုးဆင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးယာဉ်မောင်းကိုတော့ ဆေးရုံကိုပို့ဆောင်ထားပြီး မဆင်မခြင်မောင်းနှင်မှုကြောင့် အသက်(၇၀)အရွယ် ယာဉ်မောင်း အမျိုးသမီးဟာ တရားရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*