
Positive လူနာ (၄၁၆)ဦး ကုသပေးနိုင်မည့် သုဝဏ္ဏကိုဗစ်ကုသရေး စင်တာကို လာမည့် တနင်္ဂနွေနေ့ အပြီးဆောက်မည်
ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်၍ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းတွင် Positive လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် ကိုဗစ် ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးလျက် ရှိပါတယ်။
အဆိုပါ ယာယီ ရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာ ကိစ္စအဝဝကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး ယာယီ အဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမည် ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြု လူနာများထားရှိနိုင်ရန်အတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းတွင် ယာယီဆေးရုံ( Hospital Tent )များတည်ဆောက်မှု ၈ဝရာခိုင်းနှုန်းခန့်ပြီးစီးနေပြီး ဖြစ် ကြောင်းသိရပါတယ်။
သုဝဏ္ဏမြတ်ခင်းတု ဘောလုံးကွင်း၌ Hospital Tent များတည်ဆောက်မှုကို စက်တင်ဘာလ ၁၂ရက်က စတင်ခဲ့ပြီး ပထမအဆင့်အနေဖြင့် လူဦးရေ ၂၀၀ အတွက် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၈ဝရာခိုင်းနှုန်း ခန့်ပြီးစီးနေပြီး ဒုတိယအဆင့်အနေဖြင့် လူဦးရေ ၃ဝဝကျော်အထိ ထားရှိရန် ဆက်လက် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ်အတည်ပြု လူနာများအား ယခု စက်တင်ဘာလ တတိယအပတ်တွင်း ထားရှိနိုင်ရန် ကြိုးပမ်းဆောင် ရွက်နေပြီး လူနာ ၅ဝဝကျော်ကို တစ်ပါတည်းထားရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ထို Hospital Tent များတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက တာဝန်ယူ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ်ရောဂါ ဒုတိယလှိုင်းအဖြစ် ကူးစက်မှုပြန်လည်မြင့်တက်လာသည့် ကာလအတွင်း၌ ကိုဗစ်လူများ ထားရှိရန် နေရာလိုအပ်ချက်များ ရှိလာသဖြင့် ယာယီဆေးရုံ (Hospital Tent) များ ဆောင်လုပ်မည်ဖြစ်ပြီး ကိုဗစ် ရောဂါပိုးတွေ့ရှိသူများတွင် သာမာန်ရောဂါလက္ခဏာရှိသူများ၊ ရောဂါအခံရှိသူများ၊ ရောဂါပြင်း ထန်သူများ၊ ရောဂါလက္ခဏာလည်းမရှိ ရောဂါပြင်းထန်နိုင်ချေလည်း နည်းပါးသူများကို အုပ်စုအမျိုး အစားများခွဲခြား၍ Hospital Tent များတွင် သီးခြားထားရှိကုသရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြီးခဲ့သောရက်ပိုင်း အတွင်းက ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုအတွင်း ပြောဆိုထားပါတယ်။
Leave a Reply