လက်တစ်ဖက်တည်းရှိပေမယ့် လူတွေရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကောင်မလေး

သူမမှာ ထူးခြားပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပင်ကိုယ်အရည်အသွေးတွေ ရှိနေပါတယ် ။ San Diegoမြို့က အသက်၂၀အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူ့နာမည်က Lauren, သူမမှာ လက်တစ်ဖက်မရှိဘူးဆိုပေမယ့် Tinderပေါ်မှာတော့ သူမဟာလူကြိုက်အများဆုံး ဆယ်လီတစ်ယောက်အဖြစ် ရှိနေပါတယ်။ သူမမှာလက်တစ်ဖက်မရှိသော်လည်း Dating appတွေပေါ်မှာ စိတ်ဝင်စားဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ ပျော်ရွှင်စရာအကြောင်းအရာလေးတွေကို တင်လေ့ရှိပါတယ်။

လွန်ခဲ့တစ်နှစ်လောက်က သူမဟာ စက်တပ်ထားတဲ့စက်ဘီးစီးရင်း အက်စီးဒင့်ဖြစ်ပြီး သူမရဲ့လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။ ထိုအကြောင်းကို Buzzfeed သတင်းမှာပြန်လည်မျှဝေခဲ့ပါတယ်။ ”ကျွန်မစက်ဘီးစီးလာရင်း အရှိန်မထိန်းနိုင်ပဲ လမ်းအလယ်ခေါင်တည့်တည့်မှာရှိတဲ့ အရာတွေကိုဝင်တိုက်ခဲ့တယ်။ ကျွန်မလွှင့်ထွက်သွားပြီး လမ်းအမှတ်အသားဆိုင်းဘုတ်ကိုတိုက်မိပြီး အဲ့ဒါကကျွန်မလက်ပေါ်မှာပိနေခဲ့တယ်”

လက်တစ်ဖက်တည်းရှိသော်လည်းLaurenက ယုံကြည်မှုအပြည့်ရှိပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေဆဲပါ’‎‎’ သူမရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေ ၊ဟာသဉာဏ်တွေကြောင့်Tinderပေါ်ကလူတွေက သူမကိုနှစ်သက်ကြပါတယ်’


‘သူမရဲ့နောက်ဆုံးနာမည်ကိုထုတ်ဖော်မပြောတဲ့ Laureကလွန်ခဲ့တဲ့အပတ်ကပဲ Tinderကိုစတင်အသုံးပြုခဲ့ပါတယ်’သူမရဲ့ ထူးခြားတဲ့လက်တစ်ဖက်တည်းရှိတဲ့ပုံတွေကိုတင်တဲ့အတွက် လူတွေအံ့သြနေကြပါတယ်’

အဲ့ဒီအချိန်မှာ သူမဟာ သူ့ကိုယ်သူသေပြီလို့တောင်ထင်ထားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့အချိန်မှာ သူမကိုကူညီဖို့အရာရှိတစ်ယောက်ရှိနေခဲ့ပါတယ်။ ဆရာဝန်တွေဘက တစ်လခွဲလောက် Laurenရဲ့လက်ကိုပြန်ဆက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သွေးကြောတွေကိုပြန်ဆက်ဖို့ကြိုးစားနေချိန်မှာပဲ သွေးလည်ပတ်မှုရပ်တန့်သွားခဲ့တယ်။

သူမရဲ့လက်ဆုံးရှုံးပြီးတဲ့နောက်မှာ သူမဟာအရာရာကိုဟာသဉာဏ်နဲ့တွေးကြီး ဖြတ်သန်းလာနိုင်ခဲ့ပါတယ်။

Buzzfeedသတင်းမှာ သူမပြောပြခဲ့ပါတယ် လူတွေက သူ့ကိုလှောင်ပြောင်တော့ ပထမတော့ သူအဆင်မပြေခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်ပဲ ဟာသလုပ်ပြီးသူ့စိတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်

တချို့လူတွေက သူမဆီလာပြီး သူမအတွက် စိတ်မကောင်းဖြစ်မိကြောင်းတွေ လာပြောကြပါတယ်တဲ့ ဒါပေမဲ့ ဒီလိုမျိုးလက်တစ်ဖက်မရှိပဲ နေရတာက တော်တော်ကိုအဆင်ပြေပါတယ်လို့ ခိုင်ခိုင်မာမာပြောခဲ့ပါတယ်။ အခုအခါမှာ Laurenက Dating appတွေပေါ် ချီးမွမ်းစကားတွေနဲ့လူအများရဲ့သဘောကျနှစ်သက်မှုကိုရရှိနေပါပြီ။ ဒါပေမဲ့လည်း သူမနဲ့ကိုက်ညီမယ့် တစ်စုံတစ်ယောက်ကိုတော့ရှာမတွေ့သေးပါဘူး။

‘ ဒီအမျိုးသမီးလေးနဲ့ လက်တွဲနိုင်မယ့် အမျိုးသားကတော့ တကယ့်ကို ဟာသဉာဏ်ကောင်းမှဖြစ်လိမ့်မယ်’

Be the first to comment

Leave a Reply

Your email address will not be published.


*