ခွေးလေးကို ပိုပြီးချစ်စရာကောင်းအောင် နားရွက် အရောင်ဆိုးပေးရာက နားရွက်တစ်ဖက် ပြတ်ကျ (သနားပါတယ်)

ထိုင်းနိုင်ငံက ခွေးလေးရဲ့သခင်ကတော့ လွဲမှားတဲ့လုပ်ရပ်တစ်ခုကြောင့် လူအများရဲ့ပြောဆို ဝေဖန်ခြင်းကို ခံနေရပါတယ်။

ကိုယ့်ရဲ့ခွေးကို ချစ်တာလည်း တစ်ပိုင်းပေါ့။ ချစ်တာလွန်ပြီး လုပ်သင့် ၊ မလုပ်သင့် မစဉ်းစားမိတဲ့အခါ ဝေဒနာခံစားရတာက ဒီခွေးလေးတွေပါပဲ။


အမည်မသိ အမျိုးသမီးဟာ သူမရဲ့ခွေးလေးကို ပိုလှစေချင်တယ်ဆိုပြီး နားရွက်နှစ်ဖက်ကို ပန်းရောင်လေးဆိုးပေးလိုက်ပါတယ်။ ဆိုးဆေးတွေဟာ ဘယ်လောက်ကောင်းကောင်း ဆံပင်ကိုပဲဖြစ်ဖြစ် ၊ ခွေးမွေးလေလးတွေပဲဖြစ်ဖြစ် ထိခိုက်မှုကရှိတာပါပဲ။


ခွေးလေးရဲ့နားရွက်မှာ အရောင်ဆိုးတာများသွားပါတယ်။ ကလေးမှာ အရေပြားတွလောင်ပြီး နားရွက်တစ်ဖက် ပဲ့ကျသွားပါတော့တယ်။ သခင်က သူမခွေးလေးရဲ့အဖြစ်ပျက်ကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူများက သူမကိုပြစ်တင်ပြောဆိုပါတော့တယ်။ ခွေးကို ဒီလိုလုပ်စရာလားဆိုပြီးတော့ပေါ့။ ဘယ်လောက်တောင် ခွေးလေးမှာ နာကျင်လိုက်မလဲ ကိုယ်ချင်းစာမိနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*