မကောင်းဆိုးဝါးဝိဉာဉ် သောင်းချီရှိတယ်လို့ ယူဆရတဲ့ အီတလီ-နက်ပ်လက်စ်မြို့က သင်္ချိုင်းကြီး

အီတလီနိုင်ငံ၊ နက်ပ်လက်စ်ခေါ် နပိုလီတန်မြို့မှာတည်ရှိတဲ့ Fontanelle သင်္ချိုင်းကြီးဟာ လူအရိုးစုပေါင်း ထောင်ချီနဲ့ပြည့် နှက်နေလို့ အခုဆို အခန်းလွတ်တောင် မရှိတော့ဘူးလို့ သိရပါတယ်။ အဲဒီသင်္ချိုင်းကြီးဟာ The Neapolitan Cult of the Dead အမည်နဲ့လည်း လူသိများပါတယ်။ သေဆုံးသူတွေရဲ့ ဆွေစဉ်မျိုးဆက်အလိုက် ရှေးယခင်ကတည်းက အစု လိုက်အပြုံလိုက် သင်္ဂြိုဟ်ထားတာမို့ အခုဆို နေရာလွတ်မကျန်တော့ပါဘူး။


Fontanelle သင်္ချိုင်းကြီးဖြစ်ပေါ်လာပုံမှာ သက္ကရာဇ် 1656 ခုနှစ် စပိန်တို့ အီတလီကို ကျူးကျော်စဉ် နပိုလီတန်မြို့ဟာ ပလိပ်ရောဂါအကြီး အကျယ်ခံစားရပါတယ်။ မိသားစုလိုက် သေဆုံးမှုတွေ၊ ရွာလုံးကျွတ် မြို့လုံးကျွတ်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စပိန်အာဏာပိုင်တွေဟာ ရောဂါပိုးတွေ ပျံ့နှံ့နေတဲ့ အလောင်းမြှုပ်နှံထားတဲ့ သင်္ချိုင်းတွေ နေရာအနှံ့ ပျံ့ကျဲနေမှာကို စိုးရိမ်ခဲ့ကြ ပါတယ်။


ဒီနည်းအားဖြင့် ပလိပ်ကပ်ရောဂါကြီး အတောမသတ်ဖြစ်သွားမှာကို ပိုပြီးစိုးရိမ်နေကြပါတယ်။ ဒါကြောင့် သေဆုံးသူတွေကို တစ်နေရာတည်းမှာ မြှုပ်နှံဖို့ ကြီးမားလှတဲ့ဘုရားကျောင်းကြီးကို ရွေးချယ်လိုက်ကြပြီး တစ်စုတစ်စည်းတည်း သဂြိႋုဟ်စေခဲ့ ရာမှ Fontanelle သင်္ချိုင်းကြီး စတင်ပေါ်ပေါက်ခဲ့တာပါ။ ပထမတော့ အလောင်းအရေအတွက် နည်းပါးခဲ့ပေမယ့် ရက်သ တ္တပတ်၊ တစ်လအတွင်းမှာ သင်္ချိုင်းကြီးတစ်ခုလုံး အလောင်းတွေနဲ့ ပြည့်နှက်သွားတယ်လို့ ဆိုပါတယ်။


Fontanelle သင်္ချိုင်းကြီးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဝိဉာဉ်ပေါင်းများစွာ ကိန်းအောင်းနေထိုင်ရာလို့ ဒေသခံတွေ က ယုံကြည်ကြပြီး၊ အနီးအနားကိုတောင်ကို သွားလာလှုပ်ရှားခြင်း မပြုကြပါဘူး။ ဒါပေမယ့် 19 ရာစုနှစ် နှောင်းပိုင်းမှာ အဲဒီသင်္ချိုင်းကြီးဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။ 2006 ခုနှစ်မှာ တရားဝင် ပြန်လည်ဖွင့်လှစ် ပေးခဲ့လို့ လာရောက်လည်ပတ်သူတွေ များပြားခဲ့ပြီး အခုဆို ယဉ်ကျေးမှုအမွေအနှစ်စာ ရင်းဝင် နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။


1980 ခုနှစ်နောက်ပိုင်းမှာ Fontanelle သင်္ချိုင်းကြီးဟာ ရေကြီးရေလျှံမှုကနေ ပြန်လည်ပေါ်လာခဲ့ပြီးမှ အများပြည်သူ ရှေ့မှောက်မှာ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဧရိယာစကွဲမီတာ 3 သောင်းကျော် ကျယ်ဝန်းပြီး၊ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူအရိုးတွေအများဆုံးအစုလိုက်အပြုံလိုက်တည်ရှိရာ နေရာကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။


Fontanelle သင်္ချိုင်းကြီးကို သွားရောက်လည်ပတ်ကြတဲ့သူတွေဟာ အရိုးစုတွေအတွက် လက်ဆောင်ပစ္စည်းတွေ၊ ငွေအကြွေစေ့ အစရှိတဲ့ ပစ္စည်းတွေ၊ ကလေးအရိုးစုတွေအတွက် ကစားစရာအရုပ်တွေစတာတွေကို ထားခဲ့ကြပြီး၊ ပြန်လည်ရှင်သန်ခွင့် ရပါစေကြောင်း ဆုတောင်းပေးကြတယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*