ဓါးပြတိုက်ဖို. သေနတ်မထုတ်ခင် Hand Gel နဲ့ လက်အရင်ဆေးခဲ့တဲ့ ဓါးပြများ(ရုပ်သံ)

ဓါးပြမတိုက်ဖို. သေနတ်မထုတ်ခင် Hand Gel နဲ့ လက်အရင်ဆေးခဲ့တဲ့ ဓါးပြများ(ရုပ်သံ)

ဒီနေ့ ဒီချိန်ခါဟာ ကိုဗစ်အန္တရာယ်ကို ကမ္ဘာနဲ.တလွှားရင်ဆိုင် နေရတာပါ ။ ကိုဗစ်ရဲ. စည်းကမ်းချက်တွေကို လိုက်နာခဲ့တဲ့ အခုလို ဓါးပြတွေဟာလည်း တကယ်ပဲ ရှိနေပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က ရွှေဆိုင်တစ်ခုကို ဓါးပြဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဓါးပြဝင်တိုက်မှုဖြစ်စဉ်ရဲ. CCTV ဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အလွန်ပဲ ရေပန်းစားခဲ့ပါတယ်။

ဗီဒီယိုရဲ. အစမှာတော့ ဆိုင်ထဲကို Mask တပ်ထားသူ သုံးဦးဝင်လာပြီး ၊ သူတို့ကို ဝန်ထမ်းတစ်ဦးက လက်ဖြန့်ခိုင်းပြီး လက်ကို sanitiser ဖြန်းပေးကာ လက်ဆေးစေခဲ့ပါတယ်။ ဓါးပြတွေကလည်း စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ လက်ဆေးပြီးနောက် သေနတ်ကိုထုတ်ပြီး ဝန်ထမ်းတွေဆီက ရတနာပစ္စည်းတွေတောင်းကာ ဓါးပြတိုက်ပါတော့တယ်။

ဓါးပြတွေဟာ ကျွမ်းကျင်စွာပဲ အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို ထည့်ပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဓါးပြမှုဖြစ်စဉ်ဟာ တစ်မိနစ်တောင် မကြာလိုက်ပါဘူး။

ဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံ Uttar Pradesh’s Aligarh မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံရဲတွေရဲ. အဆိုအရ ဓါးပြတွေဟာ ငွေသားအားဖြင့် ရူးပီးငွေ သုံးသောင်းကနေ လေးသောင်းကြား ၊ လက်ဝတ်ရတနာ တန်ဖိုး ရူးပီး သိန်းလေးဆယ်ဖိုးလောက် ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ဒီအမှုကို အမြန်ဆုံး ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ZawGyi

ဓါးျပမတိုက္ဖို. ေသနတ္မထုတ္ခင္ Hand Gel နဲ႔ လက္အရင္ေဆးခဲ့တဲ့ ဓါးျပမ်ား(ရုပ္သံ)

ဒီေန႔ ဒီခ်ိန္ခါဟာ ကိုဗစ္အႏၱရာယ္ကို ကမၻာနဲ.တလႊားရင္ဆိုင္ ေနရတာပါ ။ ကိုဗစ္ရဲ. စည္းကမ္းခ်က္ေတြကို လိုက္နာခဲ့တဲ့ အခုလို ဓါးျပေတြဟာလည္း တကယ္ပဲ ရွိေနပါတယ္။

စက္တင္ဘာလ ၁၁ ရက္ေန႔က ေရႊဆိုင္တစ္ခုကို ဓါးျပ၀င္တုိက္မႈ ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီ ဓါးျပ၀င္တိုက္မႈျဖစ္စဥ္ရဲ. CCTV ဗီဒီယိုဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ အလြန္ပဲ ေရပန္းစားခဲ့ပါတယ္။

ဗီဒီယိုရဲ. အစမွာေတာ့ ဆိုင္ထဲကို Mask တပ္ထားသူ သံုးဦး၀င္လာျပီး ၊ သူတို႔ကို ၀န္ထမ္းတစ္ဦးက လက္ျဖန္႔ခိုင္းျပီး လက္ကို sanitiser ျဖန္းေပးကာ လက္ေဆးေစခဲ့ပါတယ္။ ဓါးျပေတြကလည္း စည္းကမ္းကို လိုက္နာတဲ့အေနနဲ႔ လက္ေဆးျပီးေနာက္ ေသနတ္ကိုထုတ္ျပီး ၀န္ထမ္းေတြဆီက ရတနာပစၥည္းေတြေတာင္းကာ ဓါးျပတိုက္ပါေတာ့တယ္။

ဓါးျပေတြဟာ ကၽြမ္းက်င္စြာပဲ အသင့္ပါလာတဲ့ ေက်ာပိုးအိတ္ထဲကို လက္၀တ္ရတနာေတြနဲ႔ ေငြေတြကို ထည့္ျပီး ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။ ဓါးျပမႈျဖစ္စဥ္ဟာ တစ္မိနစ္ေတာင္ မၾကာလိုက္ပါဘူး။

ျဖစ္စဥ္ကေတာ့ အိႏၵိယႏိုင္ငံ Uttar Pradesh’s Aligarh မွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး ေဒသခံရဲေတြရဲ. အဆိုအရ ဓါးျပေတြဟာ ေငြသားအားျဖင့္ ရူးပီးေငြ သံုးေသာင္းကေန ေလးေသာင္းၾကား ၊ လက္၀တ္ရတနာ တန္ဖိုး ရူးပီး သိန္းေလးဆယ္ဖိုးေလာက္ ယူေဆာင္သြားခဲ့တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ ရဲေတြဟာ ဒီအမႈကို အျမန္ဆံုး ဖမ္းမိဖို႔ ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*