ချိုင်းနံ့ နံသူများကို ဥပဒေအရတားမြစ်

အမေရိကန် မြို့တစ်မြို့ဟာ ခန္ဓာကိုယ်က အနံထွက်တဲ့ လူတွေကို အများပြည်သူပိုင် နေရာတွေကနေ တားမြစ်လိုက်ပါတယ်။ဒီလိုလုပ်တာဟာ မြို့နေထိုင်သူတွေနဲ့ လာရောက်လည်ပတ်သူ တွေကို အနံဆိုးရ ရှိခြင်းကနေ ကာကွယ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ King ခရိုင် Burien မြို့ဟာ ဒီဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ဥပဒေအရ မြို့တော်ရဲ့ ပန်းခြံ၊ ခန်းမနဲ့ စာကြည့်တိုက်လို နေရာတွေမှာ ရိုင်းစိုင်းတဲ့ စကားလုံး အသုံးပြုခြင်း၊ အဝတ်အစား လုံလုံ
လောက်လောက် မဝတ်ခြင်းနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းတွေကို တားမြစ်သွားမှာဖြစ်ပါတယ်။

ဥပဒေကို ချိုးဖောက်မယ်ဆိုရင်တော့ ချိုးဖောက်ခဲ့တဲ့နေရာကို လာရောက်ခွင့် တစ်နှစ်ပိတ်ပင်မှာ ဖြစ်ပါ တယ်။အများပြည်သူကို ဆိုးဝါးတဲ့ အနံ့အသက်မှ ကာကွယ်ရန်အတွက် ဒီဥပဒေကိုပြုလုပ်ခဲ့တယ်လို့ မြို့
တော်တာဝန်ရှိသူတွေက ဆိုပေမဲ့ လူတိုင်းကတော့ မနှစ်သက်ခဲ့ကြဘူး။


ဒီဥပဒေနဲ့ပက်သက်ပြီး တွစ်တာအသုံးပြုသူတစ်ဦးက“ ကျွန်တော်က တစ်နေကုန် အလုပ်လုပ်ပြီး ချိုင်း နံ့ပျောက်ဆေးထည့်ဖို့ မေ့ခဲ့မယ်ဗျာ။ Burien မှာသာ ကျွန်တော်နေတယ်ဆိုရင် အဖမ်းရပြီပေါ့” လို့ဆိုပါ တယ်။

ဒီဥပဒေနဲ့ ပက်သက်ပြီး Burien မြို့မန်နေဂျာ Kamuron Gurol က ပြောကြားရာမှာ “လူတွေက ကံမကောင်း စွာနဲ့ ဒီလိုခန္ဓာကိုယ်အနံ့မျိုး ရှိနေတဲ့အခါကျရင် တခြားလူတွေက အတူနေဖို့ ခက်တယ်ဗျ” လို့ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*