
လေလည်လို့ ထွက်လာတဲ့အနုံ့ကို လူတွေက မနှစ်သက်ကြပါဘူး။ ယဉ်ကျေးမှုအဆင့်အတန်း ဘယ်လောက်ပဲ မြင့်တဲ့နိုင်ငံတွေမှာပဲဖြစ်ဖြစ် လေလည်ခြင်းကို ကိုယ်မဟုတ်ရင် မနှစ်မြို့ကြတာအမှန်ပါ။ လေလည်တဲ့အခါ အစာဟောင်းတွေရဲ့အနံကို ရောပြွမ်းဓာတ်ပြုပြီး ထွက်လာတဲ့အနံ့က ဆိုးလွန်းပါတယ်။
လေလည်တဲ့အခါ ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမယ့်ဆေးတောင့်ကို ပြင်သစ်တီထွင်သူတစ်ဦးက တီထွင်ပြီး အခု စျေးကွက်ထဲမှာ ရောင်းချနေပြီလို့ သိရပါတယ်။ တီထွင်သူရဲ့နာမည်ကတော့ Christian Poincheval ဖြစ်ပြီး၊ ဆေးတောင့်ကို သောက်လိုက်ရုံနဲ့-
လေလည်တဲ့အနံ့ဟာ ခရမ်းရင့်ရောင်နှင်းဆီက နှင်းဆီနီရဲရဲတွေရဲ့အနံ့လို၊ ချောကလက်အနံ့ကနေ ဂျင်းတက်ရဲ့အနံလိုမျိုး စွန့်ထုတ်နိုင်မှာဖြစ်ကြောင်း Christian က ပြောပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ဆေးတောင့်ကို ဘာဓာတုပစ္စည်းမှ သုံးစွဲထားခြင်းမရှိဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားတာပါတဲ့။
Christian က ” ဒီကောင်လေး သောက်ထားရင် ကိုယ်ထိုင်နေတဲ့ စားပွဲပတ်ပတ်လည်က လူတွေအတွက် စိတ်ပူစရာမလိုတော့ဘူး … သူတို့တစ်တွေ သဘောတောင် ကျကြဦးမှာ … ဒါပေမယ့် အသံအကျယ်ကြီးဖြစ်သွားရင်တော့ စိတ်အနှောက်အယှက် ဖြစ်မှာပေါ့ … အနံ့အတွက်ကတော့ ကိစ္စမရှိပါဘူး “လို့ ပြောခဲ့ပါတယ်။
Christian ဟာ အဲဒီဆေးတောင့်ကို (၂၀၀၄)ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုဆို ရောင်းစျေးကတေ့ (၅.၉၉)ဒေါ်လာလို့ သိရပါတယ်။ မြန််မာကျပ်ငွေနဲ့ဆိုရင်တော့ ကျပ်တစ်သောင်းနီးပါးလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
Leave a Reply