အရုပ်မလေးနဲ့တူအောင်လို့ ခွဲစိတ်ပြုပြင်မှုပေါင်း အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့ရတယ်ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် နာမည်ကြီး Influencer မိန်းကလေး

အရုပ်မလေးနဲ့တူအောင်လို့ ခွဲစိတ်ပြုပြင်မှုပေါင်း အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့ရတယ်ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် နာမည်ကြီး Influencer မိန်းကလေး

ကမ္ဘာပေါ်မှာ အရုပ်မလေးနဲ့တူတဲ့ မိန်းကလေးပေါင်းများစွာကို လူတွေမြင်ဖူးကြမှာပါ ။ အချို.ကတော့ အဝတ်အစားလောက်ပဲ အရုပ်မလေးနဲ့တူအောင် ဝတ်စားဆင်ယင်ကြပေမယ့် အချို.ကတော့ အဲ့လို မဟုတ်ပါဘူး။

China Post သတင်းစာရဲ. သတင်းတစ်ပုဒ်အရ တရုတ်ပြည်က အင်တာနက်နာမည်ကျော်Little Z Nana အမည်ရှိ အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ သူမကိုယ်သူမ အရုပ်မလေးနဲ့တူအောင် တရုတ်ငွေ တစ်သန်း(မြန်မာငွေ သိန်း ၂ ထောင်) ခန့် အကုန်အကျခံပြီး အကြိမ်ပေါင်း တစ်ရာကျော် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူမက သူမရဲ.ဘယ်နေရာတွေကို ဘယ်လို ခွဲစိတ်ပြုပြင်ခဲ့တယ်ဆိုတာကို အသေးစိတ်လည်း ပြောပြထားပါတယ်။ ဒီလို ခွဲစိတ်မှုတွေပြုလုပ်တာကြောင့် သူမဟာ ကျောင်းတက်ရက်တစ်ချို.ကိုလည်း ပျက်ခဲ့ရတယ်လို့ သိရပါတယ်။

သူမရဲ. အခုလို ခွဲစိတ်ပြုပြင်မှုတွေကို လူအများက ဝေဖန်ခဲ့ကြတာနဲ့ ပတ်သတ်ပြီး သူမက သူမအနေနဲ့ ဂရု မစိုက်ကြောင်းနဲ့ အခုလို ခွဲစိတ်ပြုပြင်မှုကြောင့် ရရှိလာတဲ့ အလှတရားကို သူမအနေနဲ့ နှစ်သက်သလို ယုံကြည်မှုလည်း ရှိကြောင်း ဆိုခဲ့ပါတယ်။

ZawGyi






Be the first to comment

Leave a Reply

Your email address will not be published.


*