အဘွားဆုံးသွားတာတောင် သွားလို့မရတဲ့ အကြောင်းကို ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ဖြူဖြူထွေး

အဘွားဆုံးသွားတာတောင် သွားလို့မရတဲ့ အကြောင်းကို ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ဖြူဖြူထွေး

ချစ်စရာကောင်းတဲ့ အပြင် သွက်လက်ချက်ချာလွန်းတဲ့ ဖြူဖြူထွေး ကတော့ လူကြီးလူငယ်တိုင်း ကြိုက်နှစ်သက် အားပေးခြင်းကို ခံရသူလေးဖြစ်ပါတယ်။ ဖြူဖြူထွေးက ပေါ့ပေါ့ပါးပါး နေတတ်ပြီး ဟန်ဆောင်မှုမရှိတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိပိုင်ဆိုင် ထားသူလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ အမြဲတမ်း ပျော်ပျော်နေ တတ်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ သူမရဲ့ မိသားစု ကိစ္စကြောင့် စိတ်ညစ်နေရတဲ့ အကြောင်းကို အခုလိုပဲ စိတ်မကောင်းစွာ တွေ့ရပါတယ်။

ဖြူဖြူထွေးက “အဘွားဆုံးပြီး ရွာလေးပြန်ချင်တာကို ဒီမှာ ဆေးစစ်ချက်ထောက်ခံစာတွေ ပါယူခဲ့ ပါ့မယ်ဆိုတာကို 😢😢ဘာလို့လဲဗျာ။ တော်တော်စိတ်ညစ်နေပြီး အဘွားမျက်နှာ နောက်ဆုံးနေနဲ့ကြည့်ခွင့်မရတော့ဘူးလား😢” ဆိုပြီး မလှိုင်မြို့နယ်က ကျန်းမာရေးလမ်းညွှန်ချက် စည်းမျဉ်းတွေကြောင့် ရွာမှာဆုံးသွားတဲ့ အဘွား မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ခွင့် မရှိတော့ကြောင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလ အတွင်းမှာ မြို့နယ်တွေက အသွားအလာ ကန့်သတ်ချက်တွေပြုလုပ် ထားတာကြောင့် ဖြူဖြူထွေးခမျာ သွားလေသူ အဖွားရဲ့ မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ခွင့်မရရှာ တော့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ အဖွားလည်း ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*