ချဉ်ခြင်းတက်လို့ တစ်သျှူးလိပ်တွေ တစ်နေ့တစ်လိပ်ပုံမှန်စားသုံးရတဲ့ ဗြိတိန်ကိုယ်ဝန်ဆောင်

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတဲ့အလေ့ အထတွေကို ဆိုးဆိုးရွားရွာ ခံစားရလေ့ ရှိကြပါတယ်။ ဥပမာ ပုံမှန်မ ဟုတ်တဲ့ အစားအသောက်တွေစားချင်ကြတာတို့၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့မသင့်တော်တဲ့အစားအသောက်တွေကိုအလွန်အမင်းစားချင်လာတာတို့၊ ပေါက်ကရအရာတွေ စား ချင်လာတာပြီး နောက်အစားအသောက်ပျက်လာတာတို့ အများကြီးကြုံတွေ့လာ ရတတ်ပါတယ်။

ဗြိတိန် လင်ကိုလင်ရှိုင်းယားက အသက် ၂၅ နှစ်အရွယ်ကိုယ်ဝန် ဆောင်အမျိုးသမီးက ကိုယ်ဝန်ဆိပ်တက် ပြီး ချင်ခြင်းတတ်တာက အိမ်သာသုံးစက္ကူ တစ်သျှူးမစားရရင်မနေနိုင်ဖြစ်ကာ တစ်နေ့ကို တစ်လိပ်နှုန်းကုန်
အောင်စားသုံးတယ်လို့ သိရပါတယ်။ ကိုယ်ဝန် ဆောင်မိခင် ဂျိတ်က စက္ကူဖြူတွေကို ကိုက်ကိုက်ပြီး တစ် လွှာချင်း စီစားသုံးနေတာက သူမကျန်းမာရေးအတွက် ဘယ်လိုမှ မထိခိုက် ပြောင်းလဲခြင်းမရှိကြောင်း ကို ပြောပါတယ်။

ဒုတိယကိုယ်ဝန်မှာ ကြံကြံဖန်ဖန်ချင်ခြင်းတတ်စားချင်တဲ့ အစားအ သောက်အကြောင်းကို “ ကျွန်မ ကိုယ် ဝန် နှစ်လလောက်မှာ အိမ်သာထဲက စက္ကူဖြူလွှလွှတွေကို မြင်တော့ စားချင်လိုက်တာမှအရမ်းပဲ။ ဒီစိတ်ကို ထိန်းချုပ်ထားတဲ့ ကြားထဲကမှ ဘယ်လိုလုပ်ပြီး စားဖြစ်သွားလဲကို မသိပါဘူး။

အိမ်သားတွေကတော့ ကျွန်မကို ပူပန်ပြီး ကျွန်မအတွက်လည်း မကောင်းဘူးလို့လည်းပြောကြပါ တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဒီဟာကိုစားနေရတာက အရသာရှိ နေတာပါ နောက်ပြီး ကျွန်မကျန်းမာရေးအတွက် ဘာမှလည်းမ ပြောင်းလဲသွားပါဘူး ” လို့ ပြောပြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*