(6) နှစ်လောက်တွဲခဲ့တဲ့ ချစ်သူမိန်းကလေးရဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တဲ့ ကောင်လေး(ရုပ်သံ)

အချိန်အတော်ကြာကိုယ်နဲ့တွဲခဲ့တဲ့ ချစ်သူမိန်းကလေးက အခြားတစ်ယောက်နဲ့လက်ထပ်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာခန့်မှန်းကြည့်လို့ရပါတယ် ။

ကံမကောင်းစွာနဲ့ပဲ အင်ဒိုနီးရှားနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အဆိုပါဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ Aswar Anas အမည်ရှိတဲ့အမျိုးသား နဲ့

Asni အမည်ရှိတဲ့အမျိုးသမီးတို့ဟာ သူတို့ရဲ့ ချစ်သူသက်တမ်း 6နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း တိကျလွန်းတဲ့အကြောင်းပြချက်အချို့တွေကြောင့် မိန်းကလေးဟာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်သွားခဲ့ရပါတယ် ။ Aswar ဟာ ရှိသမျှခွန်အားတွေအားလုံနဲ့ Asni ရဲ့

မင်္ဂလာပွဲကိုရောက်သွားခဲ့ပါတယ် ။ဝမ်းနည်းစွာနဲ့ပဲ တစ်ဘဝလုံးနဲ့ရင်းပြီးချစ်ခဲ့ရတဲ့မိန်းကလေးမှာ အခြားအမျိုးသားတစ်ဦးနဲ့အတူရှိနေတာကိုမြင်ခဲ့ရတော့ Aswar ဟာချက်ချင်ကိုပဲ ငိုကြွေးခဲ့ပါတော့တယ် ။

သတို့သားနှင့်သတို့သမီးတို့ရဲ့မင်္ဂလာအိပ်ခန်းထဲမှာ Aswar အော်ဟစ်ငိုကြွေးနေခဲ့တဲ့ Video ကို Facebook ပေါ်မှာဝေမျှသွားခဲ့ကြပါတယ် ။ ကြမ်းပြင်ပေါ်မှာထိုင်ချကာ မျက်နှာကိုကာထားပြီးငိုကြွေးနေခဲ့တဲ့

Aswar ဟာအသက်ရှုလို့မရလောက်တော့တဲ့အထိ ငိုကြွေးနေခဲ့တာပါ ။မိသားစုဝင်များကတော့ Aswar ကိုချော့မော့ကာ အခန်းအပြင်သို့ခေါ်ထုတ်သွားခဲ့ကြပြီး စိတ်တည်ငြိမ်သွားအောင်ကြိုးစားဖျောင်းဖျပေးခဲ့ကြပါတယ် ။

သတို့သမီးမှာလည်း Aswar ငိုကြွေးနေခဲ့တာကိုမြင်တော့ ဘယ်လိုမှမခံစားနိုင်တော့ဘဲ အတူငိုကြွေးနေခဲ့ပါတယ် ။ Aswar နှင့် Asni တို့ဟာ ကိုးကွယ်သည့်ဘာသာမတူကြတဲ့အတွက် အတူ

လက်ထပ်ပေါင်းသင်ဖို့မဖြစ်နိုင်တော့လို့ဖြစ်ကြောင်း အတွင်းသိတစ်ဦက ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။အခြားအကြောင်းအရာတစ်ခုကတော့ Aswar ဟာ Asni ကိုလက်ထပ်ရန်သူမ၏မိသားစုဝင်တွေဆီမှာ တင်

တောင်းဖို့နောက်ကျခဲ့တဲ့အတွက် အခြားအမျိုးသားတစ်ယောက်က Aswar ၏နေရာကိုဝင်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ Video ကိုကြည့်ရှုပြီးနောက် လူအများဟာ ဝမ်းနည်းကြေကွဲခဲ့ကြပြီး

Aswar ကိုရှေ့ဆက်လျှောက်မယ့်ဘဝအတွက် သင့်တော်မည့်လက်တွဲဖော်တစ်ယောက်ရရှိရန်လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*