Live လွှင့်နေတဲ့ခရီးသွားဆီက ပိုက်ဆံအိတ်ခိုးယူခဲ့တဲ့ ခါးပိုက်နှိုက်အမျိုးသမီးရဲ့ လုပ်ရပ် (ရုပ်သံ)

လန်ဒန်မြို့ West End မှာ ခရီးသွားအမျိုးသမီးတစ်စုဟာ သူမတို့ခရီးစဉ်အကြောင်း Live လွှင့်နေစဉ်မှာ ခါးပိုက်နှိုက်အမျိုးသမီးတစ်ဦးက ပိုက်ဆံအိတ်ကို အလစ်သုတ်သွားခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပိုက်ဆံကတော့ အထဲမှာ ပေါင် (၄၀၀) ဝန်းကျင်ရှိပါသတဲ့။

ခါးပိုက်နှိုက်ခံရတဲ့အမျိုးသမီးအမည်ကတော့ Nina Spencer ဖြစ်ပြီး၊ အဖော်ကတော့ Toi လို့ အမည်ရပါတယ်။ သူမတို့နှစ်ဦးဟာ Cambridge Circus အနီးကို ဖြတ်ပြီးလမ်းလျှောက်နေစဉ်၊ ခါးပိုက်နှိုက်က ပိူက်ဆံအိတ်ကို အလစ်သူတ်သွားတာ ဖြစ်ပါတယ်။ ကာယကံရှင်ဖြစ်တဲ့ Toi ချက်ချင်းပဲ က သိလိုက်ပြီး၊ Nina ကို ပြောလိုက်ပါတယ်။

Toi နဲ့ Nina တို့ဟာ ထိုင်းနိုင်ငံသူတွေဖြစ်ကြပြီး ပါသွားတဲ့ပိုက်ဆံအိတ်ကတော့ ဈေးကြီးတဲ့ Louis Vuitton တံဆိပ်ဖြစ်ပါတယ်။ ခါးပိုက်နှိုက်အဖွဲ့ဟာ အမျိုးသမီး(၃)ဦးပါအဖွဲ့ဖြစ်ကြောင်း သိရပြီး၊ နေ့ခင်းကြောင်တောင်မှာပင် လက်ရဲဇက်ရဲနိုင်ခဲ့တဲ့အဖြစ်ပါ။ ဒီအဖြစ်အပျက်ကတော့ ဇွန် (၁၆)ရက်မှာဖြစ်ခဲ့တာပါ။

ခါးပိုက်နှိုက်တွေထုံးစံအတိုင်း အဲဒီအမျိုးသမီး(၃)ယောက်ဟာ လုပ်ငန်းအောင်မြင်သွားတာနဲ့ နေရာခွဲပြီး ခပ်သုတ်သုတ် သွားကြပါတော့တယ်။ Toi တို့နှစ်ယောက်ဟာ ချက်ချင်း ရဲကို သွားရောက်တိုင်ကြားခဲ့ပေမယ့် အခုထက်ထိ ပစ္စည်းတွေပြန်ရဖို့ လမ်းမမြင်သေးပါဘူး။

Nina ကတော့ ထိုင်းနိုင်ငံသူဖြစ်လင့်ကစား၊ သူမက အင်္ဂလန်မှာနေနေတာ နှစ်နဲ့ချီရှိနေပါပြီ။ သူမရဲ့သူငယ်ချင်း Toi က သူမဆီကို လာလည်တာပါ။ သူမကလည်း အလုပ်ပိတ်ရက် မြို့ထဲကို လိုက်ပြီးပို့တာဖြစ်ပါတယ်။ ရဲစခန်းကတော့ အခုထက်ထိ ပြစ်မှုကျူးလွန်သူကို မဖမ်းနိုင်သေးပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*