သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ သူတို့ကို ရန်မမူရင် သူတို့ဘက်ကလည်း ရန်ပြန်မမူတတ်တဲ့သူမျိုးဖြစ်ပြီး များသောအားဖြင့် သူတို့ပါသာ သူတို့ အေးအေးဆေးဆေးနေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ယခုအဖြစ်အပျက်လေးမှာလည်း တရုတ်နိုင်ငံ ချုံကင်းမြို့ရဲ့ ကားပါကင်နေရာမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။အဆိုပါ ကားပါကင်နေရာမှ

ာ ကားထားစရာ နေရာအများကြီးရှိပေမဲ့ ကားပိုင်ရှင်ဟာ ခွေးတွေက အိပ်ပျော်နေတဲ့နေရာကို သွားပြီး ကားပါကင်ထိုးခဲ့ပါတယ်။ သူတို့ အိပ်နေတဲ့နေရာမှာ ကားပါကင်ထိုးတဲ့အပြင် သူတို့ကိုလည်း ကားပိုင်ရှင်က ခြေထောက်နဲ့ ကန်ခဲ့ပါသေးတယ်။ ဒီလို အပြုအမူတွေကြောင့် ခွေးတွေက လက်စားချေဖို့ အစီအစဉ်ထားထားပုံရပါတယ်။

ကားပိုင်ရှင်က သူလိုချင်တဲ့ ကားပါကင်နေရာရသွားတဲ့အခါ ကားကိုစိတ်ချလက်ချထားသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ခွေးဟာ သူ့ရဲ့ကားကို မှတ်ထားပြီး သူတို့ရဲ့ အပေါင်းအပါတွေက ခေါ်လာကာ ကားကို စတင်တိုက်ခိုက်ပါတော့တယ်။ သွားနဲ့ ကိုက်လို့ရတဲ့ ကားရဲ့ အအောက်ခြေနေရာတွေ၊ အရှေ့မှန်မှာတပ်ဆင်ထားတဲ့ Wiper တွေကိုကိုက်ဖြတ်ပြီး လက်သည်းတွေ နဲ့ပါ ကုတ်ခြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မြင်တဲ့ အနီးအနားက လူတွေဟာ မှတ်တမ်းတင် ဗီဒီယိုတွေ ရိုက်ခဲ့ပြီး အဆိုပါခွေးအုပ်စုဟာ သာမန်လိုမဟုတ်ဘဲ တစ်ခုခုကို ရန်လိုနေတဲ့ပုံစံဖြစ်နေတာကြောင့် သွားပြီးလည်း မမောင်းထုတ်ရဲဘူးလို့ ဆိုပါတယ်။ ဒီခွေးတွေဟာတကယ့်ကို ယဉ်ပါးပြီး သူတို့ပြုလုပ်နေတာ ကားပိုင်ရှင်အတွက် ဘယ်လောက်ပျက်စီးဆုံးရှုံးမှုရှိနေသလဲဆိုတာကအစ သိနေသလိုပါပဲ။

ဒီလူနဲ့ပတ်သတ်ပြီးလည်း တကယ့်ကို အာရုံစိုက်ထားပုံရပါတယ်။ ပုံတွေကို ကြည့်ခြင်းဖြင့် သူတို့အုပ်စုမှာ ကားကို ဖျက်ဆီးတဲ့သူက ဖျက်ဆီးပြီး တစ်ယောက်ယောက် လာမှာကိုလည်း စောင့်ကြည့်တဲ့သူက စောင့်ကြည့်နေပါတယ်။ နောက်နေ့ မနက် ကားပိုင်ရှင်ပြန်လာတဲ့အခါမှာတော့ လုံးဝကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။

ခွေးတွေရဲ့ လက်ချက်ဆိုတာ သတိထားမိသွားပြီး ခွေးကို သူဘာလုပ်ခဲ့မိသလဲဆိုတာ ပြန်စဉ်းစားပြီးနောက်မှာတော့ သူ့အနေနဲ့ နောက်ဆို တိရိစ္ဆာန်တွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့ရယ်၊ ကိုယ့်ဘက်ကစပြီး ရန်မမူဖို့ရယ် သတိထားဆင်ခြင်ရမယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*