သေသွားတဲ့ သားဆီက (၁၁)ရက်ကြာမှ ဖုန်းအခေါ်ခံရတဲ့ အဘိုးအို

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က Frank J. Kerrigan (၈၂)နှစ်ဟာ သူကိုယ်တိုင်သားဖြစ်သူရဲ့ အလောင်းကို မြေမြှုပ်ပေးခဲ့ပေမယ့် (၁၁)ရက်အကြာမှာတော့ သားဖြစ်သူရဲ့ဖုန်းခေါ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဖိုးအိုFrank J. Kerriganရဲ့ (၅၂)နှစ်အရွယ်ရှိတဲ့သားဖြစ်သူဟာ အိမ်ခြေယာမဲ့တစ်ဦးဖြစ် လေ့လွင့်နေသူတစ်ဦးဖြစ်ပါတယ်။

မေလ(၆)ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ Fountain Valleyမြို့ရှိ Verizonစတိုးဆိုင်နားမှာလူတစ်ဦးသေဆုံးနေတာကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီသေဆုံးနေတဲ့လူမှာ အဖိုးအိုFrank J. Kerriganရဲ့ အိမ်ခြေယာမဲ့သားတစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေက လက်ဗွေနဲ့စစ်ဆေးပြီး အတည်ပြုခဲ့ကာအဖိုးအိုထံလည်း ဆက်သွယ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ အဘိုးအိုဟာ သားဖြစ်သူကို မေလ(၁၂)ရက်နေ့မှာ ရပ်နီးရပ်ဝေးဆွေမျိုးတွေကို ဖိတ်ကြားပြီး ဒေါ်လာ(၂)သောင်းအကုန်ကျခံကာ သားဖြစ်သူရဲ့အလောင်းကို ဇနီးမြှုပ်နှံခဲ့တဲ့နေရာဘေးမှာ မြေမြှုပ်သဂြိုလ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သားဖြစ်သူကို လွမ်းနေတဲ့ အဖိုးအိုကို သူငယ်ချင်းတစ်ဦးက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပြီး ”မင်းရဲ့သားမသေသေးဘူးလို့”ပြောခဲ့ပါတယ်။

ဒါပေမယ့် အဖိုးအိုဟာ သူ့သားကို သူကိုယ်တိုင်မြှုပ်နှံခဲ့တာကြောင့် မယုံကြည်သေးဘဲ ဈာပနအပြီး(၁၁)ရက်အကြာ မှာတော့ သားဖြစ်သူကိုယ်တိုင်က အဖိုးအို Frank J. Kerriganကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး သားဖြစ်သူ မသေသေးတာကို သိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေရဲ့ လက်ဗွေစစ်ဆေးမှုအမှားကြောင့်ဖြစ်ပြီး သေသွားတဲ့သူမှာအခြားအိမ်ခြေယာမဲ့တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အာဏာပိုင်တွေရဲ့ပေါ့ဆမှုကို အဖိုးအိုနဲ့ရှေ့နေဖြစ်သူတို့က တရားစွဲဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*