ဘေးအိမ်က အိမ်ထောင်သည် အမျိုးသမီးနဲ့ ဖောက်ပြန်ဖို့ အိမ်အောက်မှာ လိုဏ်ဂူတူးထားခဲ့တဲ့ အမျိုးသား

Mexico နိုင်ငံ Villas del Prado မြို့က Tijuana ရပ်ကွက်က Alberto အမည်ရှိသော အမျိုးသားတစ်ဦးက အိမ်နီးနားချင်းရှိအိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့ အချစ်ဇာတ်လမ်းရှိနေပြီး Alberto က သူ့ရဲ့အိမ်အောက်မှာ

လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကိုဖောက်ပြီးတော့ သူချစ်ရတဲ့ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Jorge တို့ရဲ့အိမ်နှင့် ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်းလမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့တာပါ။သူမရဲ့ခင်ပွန်းဖြစ်သူ Jorge ရဲ့

လုံခြုံရေးအလုပ်မဖြစ်တဲ့အချိန်မှာတော့ Alberto က သူမကို အခက်အခဲမရှိ လည်ပတ်နိုင်ဖို့ တည်ဆောက်ထားတာပါတဲ့။တစ်နေ့ ခါတိုင်းအချိန်ထက် အိမ်ကိုစောပြီးပြန်လာခဲ့တဲ့ Jorge က သူ့ကို လှည့်စားနေတဲ့စုံတွဲရဲ့ဟန်ဆောင်မူကို

ကိုယ်တိုင် ဖမ်းမိခဲ့တာပါ။Jorge က သူတို့ရဲ့ကုတင်အောက်ကို စစ်ဆေးကြည့်ပေမဲ့လည်း Alberto ကို ရှာမတွေ့ခဲ့ပါဘူးတဲ့။ထို့နောက်မှာ အိပ်ရာနောက်ကွယ်မှာ ပုန်းနေခဲ့တဲ့ Albertoကို မပျောက်သွားခင် လျှပ်တပြက် မြင်လိုက်တဲ့အခါ

Jorge ဟာ သူတို့ရဲ့အိပ်ရာအနီးသို့ဦးတည်သွားပြီးတော့ အိပ်ရာနားကအပေါက်တစ်ပေါက်ကို တွေ့ခဲ့ရတာပါတဲ့။Jorgeဟာ ထိုအပေါက်မှဆင်းပြီးနောက်မှာ Alberto အိမ်သို့ဦးတည်တဲ့လမ်းကြောင်းတစ်ခုကို တွေ့ခဲ့ရတာပါတဲ့။

မီဒီယာများမှ ထုတ်ပြန်ခဲ့တဲ့ ဥမင်လိုဏ်ခေါင်းရဲ့ဝင်ပေါက်ဓာတ်ပုံတွေအရ Alberto ရဲ့လုပ်ရပ်က ဆရာကျလွန်းနေခဲ့တာပါတဲ့။Alberto ဟာ သူ့ဇနီးထံမှအချစ်ရဖို့အတွက် ကြိုးစားနေတာကြောင့် Jorge အား သူမနဲ့

ကွာရှင်းပေးဖို့တောင်းပန်ခဲ့ပေမယ့်လည်း လိမ်လည်ခံလိုက်ရတဲ့ Jorge က ဘယ်သူ့ကိုမှရမှာမဟုတ်ကြောင်း နှင့် သူ့ဇနီးရဲ့ချစ်မြတ်နိုးရသူနဲ့လည်း တိုက်ပွဲဝင်လို့ရကြောင်း ဆိုခဲ့ပါတယ်နော်။နောက်ပြီး ရဲများက ၎င်းအခင်းဖြစ်ပွါးရာနေရာသို

့ရောက်လာပြီးတော့ အခြေအနေကိုရှုပ်ထွေးသွားစေတဲ့ Alberto ကို ဖမ်းခေါ်သွားခဲ့ကြတာပါ။သူများယောကျာ်း မသိအောင် အိမ်အောက် လိုဏ်ဂူဖောက်ပြီး ဖောက်ပြန်ရတဲ့အထိဆိုတော့ တော်ရုံစကေးမဟုတ်ပါဘူးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*