လေယာဉ် ပျံမတက်မီ ပူအိုက်လို့ လေယာဉ် တံခါးပေါက် ဖွင့်ချသူ

တရုပ်နိုင်ငံ စီချွမ်းပြည်နယ်လေဆိပ်တွင် တရုပ်လေကြောင်းလိုင်း တစ်ခုမှာလိုက်ပါစီနင်းမည့် ခရီးသည်အမျိုးသားတစ်ဦးက လေယာဉ်ထဲမှာ ပူအိုက်သလို ခံစားရသည့်အတွက် ပြင်ပလေရရန် ပြတင်းပေါက်ကို ဖွင့်ခဲ့ရာ အရေးပေါ်တံခါးပေါက်ကြီးတစ်ခုလုံး ပွင့်ထွက်သွားခဲ့သည်။

ပြီးခဲ့တဲ့ စနေနေ့ ညလယ်အချိန်၊ လေယာဉ်မထွက်မီတွင် အသက် ၂၅ နှစ်အရွယ် “ချန်” ဆိုသော အမျိုးသားတစ်ဦးက အိုက်စပ်လာသည့်အတွက် သူ့ထိုင်ခုံ၏နံဘေးရှိ ပြတင်းပေါက်ကို ဖွင့်ရန်ခလုပ်ကိုဆွဲခဲ့ရာ ပြတင်းပေါက်မပွင့်ပဲ အရေးပေါ်ထွက်ပေါက် တံခါးကြီးတစ်ချပ်လုံး ပွင့်ကျကာ အရေးပေါ်လေပူပေါင်းများလည်း ပွင့်ထွက်သွားခဲ့သည်။

ခရီးသည်၏ အဆိုအရ သူ့အနေနဲ့ ဒီခလုပ်ဟာ အရေးပေါ်တံခါးပေါက်ခလုပ်မှန်း လုံးဝမသိပဲ အိုက်စပ်ပူလောင်နေသည့်အတွက် ပြတင်းပေါက် ဖွင့်ရန်သာရည်ရွယ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ အဆိုပါခရီးသည်ကို လေဆိပ်အာဏာပိုင်များက ထိန်းသိမ်းထားခဲ့ပါတယ်။ သူဟာထောင်ဒဏ် ၁၅ ရက်ကျခံဖွယ်ရာရှိပြီး ခရီးသွားအေဂျင်စီအဖွဲ့မှာလည်း နံမည်ပျက်စာရင်း (Blacklist) အသွင်းခံရမည်ဖြစ်သည်။

အမည်မဖော်လိုတဲ့ လေကြောင်းလိုင်းအနေနဲ့ အဆိုပါခရီးသည်၏ ဆင်ခြင်မဲ့လုပ်ရပ်ကြောင့် တရုပ်ယွမ်ငွေ ၇၀,၀၀၀ ဆုံးရှုံးခဲ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*