မိသားစုကိုထောက်ပံ့နိုင်ဖို့ မိမိရဲ့ကျောက်ကပ်ကိုရောင်းချင်ကြောင်း တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ကာ ကြော်ငြာခဲ့တဲ့အမျိုးသား

Covid -19 ရောဂါအခြေအနေကြောင့် လူအတော်များများရဲ့စီးပွားရေးဟာ အခက်အခဲနဲ့ကြုံတွေ့နေရပြီး ၊ စားဝတ်နေရေးခက်ခဲနေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ၊ Klaten ဒေသမှာ နေထိုင်လျက်ရှိတဲ့အမျိုးသားဟာ သူ၏သားသမီး4ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် ကျောက်ကပ်တစ်ခုရောင်ချလိုကြောင်း ကတ်ထူပြားကြီးမှာကြော်ငြာစာရေးသားပြီး

ကျောက်ကပ်လိုက်လံရောင်းချခဲ့ပါတယ် ။ Frans Larry Okravianus အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ နာရီပေါင်း 20ကျော် (100km)ကြာတဲ့အထိ တစ်မြို့ပြီးတစ်မြို့ တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ပြီး မိသားစုရဲ့ဆေးဝါးစရိတ် ၊ သားသမီးအတွက် ပညာရေး နှင့် အကြွေးတွေဆပ်ချင်လို့ ဖြစ်ကြောင်းရှင်းပြကာ ကျောက်ကပ်လိုက်လံရောင်းနေခဲ့တာပါ ။

” သူ့မှာ ကလေး 4ယောက်ရှိတယ် ၊ ကလေးတွေက တော်တော်လေးငယ်နေသေးတယ် ၊ အကြီးဆုံးကတော့ ကျောင်းတက်နေပြီ ၊ Larry က ဒီကမဟုတ်ဘူး ၊ သူက Jakarta မြို့က ဒီကမိန်းကလေးနဲ့အိမ်ထောင်ကျပြီး ဒီမှာအခြေချဖို့ဆုံးဖြတ်ခဲ့တာ ” ဆိုပြီး Larry ရဲ့ရွာသူကြီးက ပြောပြခဲ့ပါတယ် ။ Larry ဟာ အရင်ချိန်တုန်းက Jakarta မြို့မှာ ကားရေဆေးနဲ့အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ် ။

ကံကောင်းစွာနဲ့ပဲ Larry ရဲ့အဖြစ်ကို အင်ဒိုနီးရှားအစိုးရအဖွဲ့က သိရှိသွားခဲ့ပြီးနောက် အကူအညီပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် ကိုယ့်ကိုအဆင်မပြေဘူးဆိုပြီး စိတ်ညစ်နေမယ်ဆိုရင် ၊ ကိုယ့်ထက်အဆင်မပြေသူတွေများစွာရှိနေသေးကြောင်းကို Larry ဆိုတဲ့အမျိုးသားရဲ့အဖြစ်လေးက နှိုင်းယှဉ်ပြနေသလိုပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*