ဘာကြောင့် လေယာဉ်အတောင် ပံနှစ်ဖက်က မီးသီးတွေ အရောင်မတူရ တဲ့ လျှို့ဝှက်ချက်

သင်အနေနဲ့ သင်ပတ်ဝန်းကျင်က အသေးစိတ် အစစအရာရာ ကို သတိထားမိ တတ်ပါသလား။

တကယ်လို့ သတိထားမိ တယ်ဆိုရင် လေယာဉ်တိုင်းမှာ တောင်ပံတစ်ဖက်မှာ မီးနီ တပ်ဆင်ပြီး ကျန်တောင်ပံတစ်ဖက်မှာတော့ မီးစိမ်း တပ်ဆင်ထားတာကို သတိပြုမိမလားပဲ။

ဘာကြောင့် ခုလို အရောင်ကွဲ တပ်ဆင်ထားရသလဲဆိုတာကိုရော စဉ်းစားမိပါသလား။

ကောင်းပါပြီ၊ ကျွန်တော်တို့ ဒီ လျှို့ဝှက်ချက်အကြောင်း ပြောကြရအောင်။

အရောင်တောက်ပတဲ့ အနီနဲ့ အစိမ်း မီးသီးတွေဟာ လေယာဉ်တောင်ပံ တစ်ဖက်တစ်ချပ်စီမှာ ရှိသလို အမြီးမှာတော့ အဖြူရောင်မီးသီး ရှိပါတယ်။ ဒီ မီးသီးအားလုံးဟာ လေကြောင်းပြမီးတွေပါပဲ။ မီးနီဟာ အမြဲတမ်း ဝဲဖက်တောင်ပံဖျားမှာ တပ်ဆင်သလို မီးစိမ်းကို ညာဖက်တောင်ပံဖျားမှာ တပ်ဆင် ပါတယ်။ ဒီ လေကြောင်းပြမီးသီးတွေကို အမြဲတမ်း ဖွင့်ထားတာလည်း ဖြစ်ပါတယ်။

ဒီ မီးသီးတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဝေဟင် ပျံသန်းချိန်မှာ အခြားလေယာဉ်တွေအနေနဲ့ လေယာဉ်ရဲ့ တည်နေရာ အတိအကျကို သိနိုင်ဖို့ အချက်ပြနေတာပဲ ဖြစ်ပါတယ်။

ပြောရမယ်ဆို ညပိုင်း ဝေဟင်မှာ ရဟတ်ယာဉ် ယာဉ်မောင်းတစ်ဦးဟာ သူ့ ရှေ့မှာ အနီရောင်နဲ့ အဖြူရောင် မီးသီးအလင်းကို မြင်တယ်ဆိုရင် ဒါဟာ လေယာဉ်တစ်စီးဖြစ်ပြီး ဒီ လေယာဉ်ဟာ ညာဖက်ကနေ ဘယ်ဖက်ကို ပျံသန်းတယ်ဆိုတာ သိစေပါတယ်။ မီးစိမ်းနဲ့ အဖြူရောင်မီးကို မြင်တယ်ဆို အဲဒီ လေယာဉ်ဟာ ဘယ်ဖက်ကနေ ညာဖက်ကို ပျံသန်းဆိုတဲ့ အချက်ပြဖြစ်ပါတယ်။

မီးနီ၊ မီးစိမ်း နှစ်ခုစလုံး မြင်တယ်ဆိုရင်တော့ ဒါဟာ သတိပေးအချက်ပြပါ။ လေယာဉ်ဟာ ရဟတ်ယာဉ်ဆီ တည့်တည့်ပျံသန်းလာတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ အဖြူရောင် မီးတစ်ပွင့်တည်း မြင်တယ်ဆိုရင်တော့ ဒါဟာ လေယာဉ်က ရဟတ်ယာဉ်နဲ့ လမ်းကြောင်းတူ ပျံသန်းနေတာ ဒါမှမဟုတ် အဝေးပျံသန်းသွားတာ ဖြစ်ပါတယ်။

ဒီ မီးအားလုံး အခြားလေယာဉ်တွေနဲ့ လေယာဉ် ချင်း မတိုက်မအောင် လေယာဉ်မှူးတွေအတွက် အချက်ပြရာလည်း ဖြစ်ပါတယ်။

ခုလို လေကြောင်းပြမီးအပြင် လေယာဉ်တိုင်းမှာ ဝမ်းဗိုက် နဲ့ ထိပ်ပိုင်းမှာ အချက်ပြမီးနီတွေ တပ်ဆင်ထားပါတယ်။ အဲဒီ မီးတွေ ဖွင့်ထားပြီဆိုရင် ဒါဟာ လေယာဉ်စက်စတင်နှိုးကြောင်း မြေပြင်အဖွဲ့တွေနဲ့ အခြားလေယာဉ်တွေဆီ သတိပေးတာပဲ ဖြစ်ပါတယ်။ ပြီးတော့ အန္တရာယ် နီးလာတယ်ဆိုတဲ့ အချက်ပြချက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်မှူးတွေဟာ လေယာဉ်ပျံ တက်အပြီးမှာတော့ အဲဒီ မီးတွေကို ဖွင့်ထားတတ်ပါတယ်။ ကောင်းကင်မှာ လေယာဉ်ကို ပိုမို ထင်ထင်သာသာ မြင်နိုင်ဖို့အတွက်ပါ။ ကားတစ်စီးလိုပဲ လေယာဉ်မှာလည်း ရှေ့မီးပါပါတယ်။ ဒီ ရှေ့မီးကတော့ လေယာဉ်မှူးတွေ ပျံတက်ချိန်နဲ့ ဆင်းသက်ချိန် လေယာဉ်ပြေးလမ်းကို မြင်နိုင်ဖို့ပါ။

လေယာဉ်နှုတ်သီးမှာတော့ taxi မီး ပါရှိပါတယ်။ မြေပြင်မှာ လေယာဉ် တစ်ရွေ့ရွေ့ သွားလာချိန် ဖွင့်တဲ့ မီးဖြစ်ပြီး ပြေးလမ်းကို မီးထိုးပေးတာ ဖြစ်ပါတယ်။ ဆင်းသက်မီးကတော့ လေယာဉ်ကိုယ်ထည်နားက တောင်ပံတွေရဲ့ အောက်မှာ ရှိတာ ဖြစ်ပါတယ်။

ဒီ မီးဟာ အဆင်း အသက် ပြေးလမ်းအတွက် ဖြစ်ပေမယ့် လေယာဉ်မှူးတွေအတွက် လေယာဉ်ကို ကွေ့တဲ့အခါ ထောင့်တွေကို ပိုမိုမြင်နိုင်ဖို့အတွက် သုံးတာ ဖြစ်ပါတယ်။ လေယာဉ်ပျံတက်ချိန်မှာ ဆင်းသက်မီးကို ပေ ၁၀၀၀၀ ရောက်တဲ့အချိန်မှ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

လေယာဉ် ဆင်းသက်ချိန်မှာ အဲဒီ ဆင်းသက်မီးကို ပေ တစ်သောင်းရောက်ချိန်မှ စဖွင့်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်ကို ကောင်းကင်မှာ စမြင်ရချိန် ဘယ်မီးသီးကို စမြင်ရပါမလဲ။ ဒါကတော့ တောင်ပံဖျားက white strobe lights မီးသီးတွေကို စမြင်ရမှာပါ။ ဒီ မီးသီးတွေဟာ အလွန်ကို တောက်ပ တဲ့ မီးသီးတွေဖြစ်ပြီး မိုင်အတော်ဝေးကနေတောင် လေယာဉ်ကို မြင်နိုင်စေပါတယ်။

ကောင်းပြီ၊ ခု ဆိုရင် လေယာဉ် အချက်ပြမီးတွေ ကိုယ်ထည်မီးတွေအကြောင်း ကောင်းကောင်း သိနိုင်ပါပြီ။ ဒါပေမယ့် လေယာဉ်တစ်စီးမှာ လျှို့ဝှက်ရည်ရွယ်ချက်တွေနဲ့ သိပ်ပြီး ထင်သာမြင်သာ မရှိတဲ့ အရာတွေ ရှိနေဆဲဖြစ်တာက မေးခွန်းထုတ်စရာတွေပါပဲ။ လေယာဉ်နဲ့ အသွားအလာများတဲ့ သူတွေတောင် လေယာဉ်အကြောင်း ကောင်းကောင်း မသိဘူးလို့ ပြောရမှာတွေပါ။

ဥပမာအနေနဲ့ လေယာဉ်အင်ဂျင် အလယ်မှာ အဖြူရောင်ခရုပတ် အမှတ်အသားကို တွေ့ရမှာပါ။ ဒါဟာ ဘာအတွက်ပါလဲ။ လေယာဉ်ပေါ် မူတည်ပြီး အရွယ်အစားနဲ့ ပုံသဏ္ဍာန် ကွဲပြားတဲ့ ဒီ အဖြူရောင်ခရုပတ်အမှတ်အသားဟာ မြေပြင်က အမှုထမ်းတွေကို ကာကွယ်ဖို့အတွက်ပါ။

ခင်ဗျားတို့အနေနဲ့ လေယာဉ် စက်နှိုးထားရင် အင်ဂျင်ဆူညံသံကြောင်း အမှုထမ်းတွေကို သတိပေးပြီးသား ဖြစ်မယ်၊ အင်ဂျင်စက်သံကြောင့် ချည်းကပ်ရင် ဘေးမကင်းဘူးဆိုတာ သိထားပြီး ဖြစ်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆပါလိမ့်မယ်။ အမှန်တော့ မြေပြင်အမှုထမ်းတွေဟာ ဆူညံသံ ကာကွယ်တဲ့ နားဖုံးတွေကို ဝတ်ဆင်ထားကြတာ ဖြစ်ပါတယ်။

နောက်ထပ် တစ်ချက်ကတော့ မြေပြင်မှာ ဆိုက်ကပ်ထားတဲ့ သုံးလေးစင်းမက လေယာဉ်တွေကြားမှာ စက်သံကြားပြီး ဘယ်လေယာဉ် ပျံတက်မယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါ။ အဖြူရောင်ခရုပတ်အမှတ်အသားကိုကြည့်ပြီးပဲ ခွဲနိုင်မှာ ဖြစ်ပါတယ်။ ခရုပတ်အမှတ်အသားကို ကြည့်ပြီး ဘယ်လေယာဉ်ဟာ ရပ်နားထားမယ်၊ ဘယ်လေယာဉ်ကတော့ ပျံတက်ဖို့ စက်နှိုးပြီး ခုကြားရတဲ့အသံက ဒီ လေယာဉ်ကပါလားဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်ပြတင်းပေါက်မှန်မှာ အပေါက်ဖောက်ထားတာကရော ဘာကြောင့်ပါလဲ။

လေယာဉ်တစ်စင်းက ဘယ်ပြတင်းပေါက်မဆို သေချာအနီးကပ် ကြည့်လိုက်ပါတယ်။ အဲဒီ ပြတင်းပေါက်မှာ မှန်သုံးချပ်ပါပြီး အလယ်မှန်ချက်မှာ အပေါက်ငယ်လေး ဖောက်ထားတာ တွေ့ရပါလိမ့်မယ်။ လေယာဉ်ဟာ ကောင်းကင်ထဲ ပျံတက်ချိန်မှာ လေယာဉ်ကိုယ်တွင်းနဲ့ ပြင်ပဖိအားဟာ ကြီးကြီးမားမား ကွာဟချက် ဖြစ်ပေါ်ပါတယ်။

အပြင်ဆုံး မှန်ချပ်ဟာ ဖိအားကို အများဆုံး ခံရပါတယ်။ အပေါက်ဖောက်ထားတဲ့ အလယ်မှန်ကတော့ ဖိအားမတူညီမှုကို ချိန်ညှိပေးတာဖြစ်ပြီး ခရီးသည်တွေ အောက်ဆီဂျင် ချို့တဲ့မှု မဖြစ်အောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ အတွင်းနဲ့ အပြင် အပူချိန် ကွာဟချက် မြင့်မားလာခဲ့ချိန်မှာလည်း ဒီ အပေါက်တွေဟာ ပြတင်းပေါက်တွေ မှုန်ဝါးမှုမဖြစ်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။

လေယာဉ်တောင်ပံမှာ ဘာကြောင့် ချိတ်တွေ ပါရှိနေသလဲ။

လေယာဉ်တစ်စီးမှာ အရေးပေါ် ထွက်ပေါက်အချို့ဟာ တောင်ပံတွေ အပေါ်မှာ ရှိပါတယ်။ ခရီးသည်တွေအနေနဲ့ တောင်ပံတွေကနေ လျှောဆင်းပြီး လွတ်မြောက်နိုင်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် ရေထဲကို အရေးပေါ် ဆင်းသက်ရတဲ့ ဖြစ်စဉ်မျိုးတွေမှာတော့ တောင်ပံတွေဟာ အရမ်းကို ချောနေတော့မှာ ဖြစ်တာကြောင့် တောင်ပံပေါ်က အဝါရောင်ချိတ်တွေက လက်ကိုင်ဖြစ်လာပါတော့တယ်။

လေယာဉ်အမှုထမ်းတွေအနေနဲ့ တံခါးပေါက်ဖရိန်မှာ ကြိုးစကို ချည်ပါမယ်။ ကျန်သူတွေက ချိတ်တွေကနေ လေယာဉ်တောင်ပံကို တွဲချည်မှာ ဖြစ်ပါတယ်။ အဲဒီ ချိတ်အပေါက်တွေကနေ ကြိုးကို ဆက်သွယ်သွယ်တန်းပြီး ခရီးသည်တွေကို လေသွင်းခံပြားဆီ လျှောဆင်းစေမှာ ဖြစ်ပါတယ်။

လေယာဉ်တစ်စင်းမှာ နေရာပို ယူလို့ ရနိုင်သလား။

ရနိုင်ပါတယ်။ မင်းလမ်းဘေး ထိုင်ခုံကို ရတယ်ဆိုရင်ပေါ့။ ဒီ ထိုင်ခုံရဲ့ မင်းလမ်းဖက် လက်တင်အောက်မှာ ပတ္တာနားမှာ ခလုတ်လေး တစ်ခု ရှိပါတယ်။ ဒီ ခလုတ်လေး နှိပ်လိုက်ရင် ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ ဒီခလုတ်ကို နှိပ်ပြီး လက်ရန်းကို မတင်ထားနိုင်တာကြောင့် ပိုညပီး လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ လက်ရန်းကို ပင့်တင်တဲ့ ခလုတ်ရဲ့ မူလရည်ရွယ်ချက်ကတော့ အရေးပေါ်အခြေအနေမှာ ထိုင်ခုံကနေ လျင်လျင်မြန်မြန် ထွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။

အဆင်းအသက်မှာ လေယာဉ်အတွင်း မီးတွေကို ဘာကြောင့် မှိန်ဖျော့ထားသလဲ။

ညပိုင်း ဒါမှမဟုတ် ဖုန်မြူဖုံးတဲ့အချိန် ဆင်းသက်တဲ့အခါမှာ လေယာဉ်အမှုထမ်းတွေဟာ ခရီးသည်တွေအတွက် မျက်စိကျင့်သားရဖို့ အတွင်းပိုင်းမီးတွေကို အမှိန်အဖျော့ ထိန်းညှိပြီး ထိန်းပေးပါတယ်။

ပုံမှန်အားဖြင့်တော့ အမှောင်မြင်ကွင်းကို ချိန်ညှိဖို့ မိနစ် သုံးဆယ်လောက် မီးမှိန်ဖျော့ထားရပါတယ်။ ဒီလို အလင်းမှိန်ဖျော့ထားတာကြောင့် အရေးပေါ် ဒါမှမဟုတ် ရုတ်တရက် အရွှေ့အပြောင်းတွေမှာ ခရီးသည်တွေအနေနဲ့ မျက်စိကျင့်သားရပြီး ဖြစ်အောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့လယ်နေ့ခင်းတွေမှာ လေယာဉ်အတွင်း အလင်းရောင် ချိန်ညှိတာကတော့ အင်ဂျင်ပါဝါ အတွက်ပဲ ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းရာမှာ ကောင်းကင်ထဲ အဖြူရောင်အမြီးတန်း ဘာကြောင့် ကျန်ရစ်သလဲ။

အဖြူရောင်အမြီးတန်းဟာ မီးခိုးလို့ ထင်ရပေမယ့် အမှန်ကတော့ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ အင်ဂျင်က လောင်စာလောင်ကျွမ်းတဲ့အခါမှာ လေထုထဲ ကျန်ရစ်တာ ဖြစ်ပါတယ်။

အမြင့်ပေက လေအေးနဲ့ အေးခဲနိုင်မှု အခြေအနေတွေမှာ အိတ်ဇောအပူကနေ အဖြူရောင်အမြီးတန်း ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ အခြေခံက ဘာနဲ့ တူလဲဆိုတော့ အေးတဲ့ နေ့တွေမှာ အသက်ရှုရှိုက်တဲ့အခါ အခိုးအငွေ့ ထွက်သလိုပါပဲ။

ကောင်းကင်မှာ ပျံသန်းနေချိန် လေယာဉ်တံခါးကို ဖွင့်နိုင်သလား။

ပျံတက်ခါနီး လေယာဉ်တစ်စင်းအတွက် ဒီ မေးခွန်းက စိုးရိမ်စရာပါပဲ။ ကြောက်လန့်တကြား ဖြစ်သွားစေပါမယ်။ ဒါပေမယ့် ပျံသန်းနေတဲ့ လေယာဉ်နဲ့ တံခါးကို ဖွင့်လို့ မဖြစ်နိုင်ပါ။ ကိုယ်ထည်တွင်း ဖိအားကြောင့်ပါပဲ။ တကယ်လို့ တယောက်ယောက်က ဖွင့်ဖို့ ကြိုးစားတယ်ဆိုရင် သူတို့အနေနဲ့ ဖိအား ပေါင် ၂၄၀၀၀ ကို တွန်းဖယ်နိုင်ရမှာ ဖြစ်ပါတယ်။

ပိုလာဝက်ဝံ အကောင် ၂၀ ဒါမှမဟုတ် ကားခြောက်စီးဟာ အလေးချိန် ရှိတဲ့ ဖိအားကို တွန်းလှန်နိုင်မှ ဖြစ်မှာပါ။ အဲဒီ ဖိအားအပြင် လော့ချ် ချထားတာကလည်း အတွင်းပိုင်းမှာ ဖြစ်တာကြောင့် ဖွင့်နိုင်ဖို့က မဖြစ်နိုင်ပါ။

မိုးကြိုးပစ်ချိန် ပျံသန်းတာဟာ ဘေးကင်းရဲ့လား။

ယေဘုယျတော့ ဘေးကင်းတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စီးပွားဖြစ် လေယာဉ်တွေဟာ မိုးကြိုးဒဏ်ခံနိုင်အောင် ဒီဇိုင်းထုတ်ထားလို့ပါပဲ။ မိုးကြိုးလွှဲစနစ်တွေက လေယာဉ်ရဲ့ လျှပ်စစ်ပိုင်းကို ကာကွယ်ပေးထားပါတယ်။

ဒါပေမယ့် စာရင်းအင်းတွေအရတော့ လေယာဉ်တိုင်းဟာ တစ်နှစ်တစ်ကြိမ် မိုးကြိုးထိမှန်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်ရပ် အများစုမှာတော့ မိုးကြိုးထိမှန်ပေမယ့် အနည်းငယ်သာ ထိခိုက်မှု ရှိတာ ဖြစ်ပါတယ်။

ဘာကြောင့် တစ်ချို့လေယာဉ်တွေမှာ ထိုင်ခုံနဲ့ ပြတင်းပေါက်တွေ တစ်တန်းတည်း မရှိရတာလဲ။

အမှန်တကယ်တော့ လေယာဉ်အားလုံးဟာ ထိုင်ခုံနဲ့ ပြတင်းပေါက်ကို တစ်တန်းတည်းထားပြီး ဒီဇိုင်းထုတ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော လေကြောင်းလိုင်းတွေကတော့ ထိုင်ခုံအရေအတွက် ဘယ်လောက်ဆံ့သလဲဆိုတာကို ကြည့်ပြီး လေယာဉ်တွေကို ဝယ်ကြပါတယ်။

ထပ်တိုးထိုင်ခုံတွေ ထပ်ဖြည့်နိုင်မှာကို ရွေးချယ်ဝယ်ယူကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်ခုံများလေ ပိုက်ဆံပိုရလေကြောင့်ပါပဲ။

လေယာဉ်တစ်စင်းမှာ ဘေးအကင်းဆုံး ခုံနေရာက ဘယ်နေရာလဲ။

လေကြောင်းလိုင်း အများစုကတော့ ဘေးအကင်းဆုံး ထိုင်ခုံရယ်လို့ မရှိဘူးလို့ အတိအလင်း ပြောပါတယ်။ ဒါပေမယ့် လေယာဉ်ပျက်ကျမှု စာရင်းအင်းတွေအရ အယူအဆတစ်ခုကို ထောက်ပံ့ပေးနေတာကတော့ နောက်ပိုင်း ထိုင်ခုံတွေက ဘေးပိုကင်းတယ်ဆိုတာပါပဲ။

လေယာဉ်ရဲ့ အမြီးနဲ့ နီးတဲ့ ထိုင်ခုံတွေက ခရီးသည်တွေဟာ ပျက်ကျမှုတွေမှာ အသက်ရှင်ကျန်ရစ်ဖို့ ရှေ့ပိုင်းက ထိုင်ခုံတွေက ခရီးသည်တွေထက် ၄၀ ရာခိုင်နှုန်းခန့် အခွင့်အလမ်း ပိုများတယ်လို့ ဆိုပါတယ်။ တကယ်လို့ တိတိကျကျ အခြေကို လိုချင်တယ်ဆိုရင် ပြောရမှာကတော့ နောက်ပိုင်း အလယ်တန်းက ထိုင်ခုံတွေက ပိုပြီး ဘေးကင်းတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

အထုပ်အပိုးထည့်ရာ ဝက်ခြံကို လေယာဉ်အမှုထမ်းတွေ မကြာခဏ ထိကိုင်တာ ဘာကြောင့်လဲ။

ခင်ဗျားတို့အနေနဲ့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဝက်ခြံရဲ့ တံခါးတွေ သေချာပိတ်မပိတ် လိုက်စမ်းတာလို့ပေါ့။ အမှန်တော့ ဒါဟာ မဟုတ်ပါဘူး။ လေယာဉ်အမှုထမ်းတွေအနေနဲ့ လျှောက်လမ်းမှာ သွားလာချိန် ဟန်ချက်ညီအောက် အဲဒီ အထုပ်အပိုးထည့်ရာ ဝက်ခြံကို ထိန်းကိုင်တာပဲ ဖြစ်ပါတယ်။

ခင်ဗျားတိုပအနေနဲ့လည်း လေယာဉ်ပေါ် အပေါ့အပါးဖို့ ထသွားပြီဆိုရင် လျှောက်လမ်းဘေးက ထိုင်ခုံတွေကို ကိုင်ထိန်းသွားတာထက် ဝက်ခြံကို လက်ရန်းသဖွယ် ထိန်းပြီး သွားနိုင်ပါတယ်။

လေယာဉ်အမှုထမ်းတွေ ဘယ်နေရာမှာ ငိုက်မြည်းကြသလဲ။

လေကြောင်းလိုင်း တော်တော်များများကတော့ ဒါကို လျှို့လျှို့ဝှက်ဝှက် ထားပါတယ်။ အိပ်စင် ခြောက်ခုမှ ဆယ်ခုပါ ပြတင်ပေါက်မပါတဲ့ အခန်းက သူတို့အတွက် ရှိထားပါတယ်။ နေရာကတော့ လေယာဉ်ပေါ် မူတည်ပြီး ထားသိုတာ ဖြစ်ပေမယ့် လေယာဉ်မှူးအခန်းရဲ့ အနောက် ပထမတန်းရဲ့ အထက်နားမှာ အများအားဖြင့် ရှိတတ်ပါတယ်။

ဒီအခန်းကို ဝင်ဖို့ဆို လေယာဉ်းမှူးခန်းနားက တံခါးနောက်ကွယ်မှာ လျှို့ဝှက်တပ်ဆင်ထားတဲ့ လှေကားကနေ သွားရပါတယ်။ တစ်ချို့လေယာဉ်တွေမှာတော့ အထူးမလွယ်ပေါက် ထားရှိပြီး အိပ်စင်အခန်းဆီ သွားနိုင်တာ ဖြစ်ပါတယ်။ လေကြောင်းလိုင်းပေါ် မူတည်ပြီး တစ်ချို့လေယာဉ်မှူးတွေဟာ ကိုယ်ပိုင်နားနေရာ နေရာ ရရှိတတ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*