
ငါ့ပြသနာမဟုတ်ဘူးဆိုပြီး သမီးလေးကို shopping mall ထဲမှာ ထားခဲ့တဲ့ဖခင်
ကလေးငယ်တွေဟာ မသိနားမလည်စွာနဲ့ ပြုလုပ်တတ်တာကြောင့် မတော်တဆထိခိုက်နာကျင်မှုများ ဖြစ်တတ်ကြပါတယ်။ကလေးငယ်တွေမှာဖြစ်တတ်တဲ့ မတော်တဆမှုတော်တော်များများဟာ မိဘအုပ်ထိန်းသူတွေရဲ့ ဂရုစိုက်မှုကင်းမဲ့မှုကြောင့် အဖြစ်များလေ့ရှိပါတယ်။
အောက်တိုဘာလ ၁၈နေ့က စင်ကာပူနိုင်ငံ မြေအောက်ရထားမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် အင်တာနက်အသုံးပြုမှုကြား ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။
မြေအောက်ရထားစီးလာတဲ့ ဖခင်တစ်ဦးဟာ ကလေးငယ်ကို ဂရုမစိုက်ဘဲ ဘာသိဘာသာပဲနေရင်းက တံခါးပွင့်လာချိန်မှာ ကလေးဟာ တွားသွားထွက်သွားရင်း တံခါးမှာ ညပ်နေခဲ့ပါတယ်။
ဒါပေမဲ့ ဖခင်ဖြစ်သူက မသိသလိုပဲနေခဲ့တဲ့အတွက် ဘေးကခရီးသည်တစ်ဦးက ဝင်ရောက်သတိပေးခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ ထိုသူရဲ့စကားကို လျစ်လျရှုပြီး ငါနဲ့မဆိုင်ဘူး လို့ပြောခဲ့ပါတယ်။
ဖခင်ဖြစ်သူရဲ့ရိုင်းစိုင်းတဲ့အပြောအဆိုနဲ့ အဖြစ်အပျက်ကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အင်တာနက်အသုံးပြုသူတွေကြားဝေဖန်မှုမြင့်တက်ခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး လျစ်လျူရှုတတ်တဲ့ကလေးအဖေနဲ့ ကလေးကို သွားကူညီပေးခြင်းမရှိတဲ့ ခရီးသည်တွေအကြောင်းဟာလည်း လူပြောစရာဖြစ်ခဲ့ပါတယ်။
Leave a Reply