ထူးဆန််းတဲ့ငါးတစ်ကောင်ကို ဖမ်းမိရာမှ ပါးစပ်ထဲ ဖြဲကြည့်မိ လိုက်သောအခါ

lingcod အမည်ရှိတဲ့ ငါးကြီးကို အင်္ဂလိပ်ငါးဖမ်းသမားတစ်ယောက် တွေ့ရှိခဲ့ပါတယ်။ ငါးဖမ်းသမားနာမည်က Matt Mertz ဖြစ်ပြီး ယူအက်စ်အေ ၊ ကယ်လီဖိုးနီးယား Santa Cruz မှာ ငါးလိုက်ဖမ်းခဲ့တာပါ။ ငါးကြီးဟာ ၇ဝစင်တီမီတာရှိပြီး Matt အတွက် ပထမဆုံးဖမ်းမိတဲ့ ငါးကြီးပါပဲ။


ငါးပါးစပ်ကို ဖြဲကြည့်လိုက်ချိန်မှာတော့ အသည်းယားစရာကောင်းအောင် ရေဘဝဲတွေအများကြီး မြိုထားတာတွေ့ရပါတယ်။ ဒီရေဘဝဲတွေဟာ Matt အစာမြှားထားတဲ့ကောင်တွေဖြစ်ပါတယ်။ အသက် ၂၄နှစ်သာရှိသေးတဲ့ Matt က ” အစက သူအသက်ရှိသေးတယ်လို့ ထင်တာ။ ပါးစပ်ကိုဟကြည့်လိုက်တော့ ရေဘဝဲတွေ စားထားတာအများကြီးပဲ..ကျွန်တော့်အတွက်တော့ မနက်ဖြန်အတွက် နိမိတ်ကောင်းတစ်ခုပဲ ”လို့ပြောသွားပါတယ်။

ဒီငါးတွေဟာ အစားသိပ်ကြီးတဲ့ ငါးအမျိုးစားတွေပါ။ စားလို့ရတာမှန်သမျှ အကုန်စားပါတယ်။ ငါးသေးေးသးလေးတွေနဲ့ ရေဘဝဲတွေမှန်သမျှ အကုန်စားပါတယ်။ သူ့ပါးစပ်ထဲက ငါးတွေကြည့်ပြီး လူတွေကတော့ ကြက်သီးထနေရဲ့။

 

Be the first to comment

Leave a Reply

Your email address will not be published.


*