စားချင်တာတွေစားရဖို့ အခြားဈေးဝယ်တွေလို ဆိုင်ရှေ့မှာတန်းစီပြီးရပ်စောင့်နေခဲ့တဲ့ ခွေးလေး

မလေးရှားနိုင်ငံ ၊ Sarawakပြည်နယ် မှာရှိတဲ့ Nasi Lemak ဆိုတဲ့အစားအစာရောင်းတဲ့ လမ်းဘေးဆိုင်လေးတစ်ခုမှာ သူ့အလှည့်ရောက်ဖို့ တန်းစီပြီးဝင်စောင့်နေခဲ့တဲ့ခွေးလေးရဲ့ ဓာတ်ပုံဟာ online ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။လမ်းဘေးဆိုင်လေးက အဆိုပါဒေသတစ်ဝိုက်မှာအတော်လေးကို လူကြိုက်များလွန်းလို့ အလှည့်ကျတန်းစီပြီးစောင့်ရတဲ့ဆိုင်ပါ ။

အဲ့ဆိုင်မှာရောင်းတဲ့ ကြက်ကြော်လေးကိုခွေးလေးက အတော်လေးကြိုက်လွန်းလို့ တန်းစီစောင့်ပြီးလို့ သူ့အလှည့်ရောက်ပြီဆိုတာနဲ့ ဆိုင်ပိုင်ရှင်ကိုခွေးလေးကနှုတ်ဆက်ပါတော့တယ် ။ အဆိုပါခွေးလေးရဲ့ဓာတ်ပုံကို ခွေးလေးကဆိုင်ပိုင်ရှင်ကို စကားပြောနေသလို ဟာသနှောပြီးဖော်ပြထားခဲ့ပါတယ် ။

ဖော်ပြထားတဲ့ စာသားလေးတွေကတော့ ” nasi lemak တစ်ပွဲပေးပါ အစ်ကို ၊ တစ်ပွဲဘယ်လောက်လဲ ” ” ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးထင်နေတာလား ၊ ဘာလို့ဟိုကြည့် ဒီကြည့်လုပ်နေတာလဲ ” ” ခဏလေး ကျွန်တော့်အိတ်ကပ်ထဲက ပိုက်ဆံလောက်ရဲ့လား ” ” ပိုက်ဆံမရှိဘူး E-wallet နဲ့ရှင်းလို့ရလား ” စသည်ဖြင့် ခွေးလေးရဲ့ဓာတ်ပုံလေးမှာ ဟာသနှောထားတဲ့စာသားလေးတွေနဲ့ ဝေမျှပေးခဲ့တာပါ ။

ကံကောင်းစွာနဲ့ နောက်ဆုံးမှာတော့ ခွေးလေးဟာ ကြက်ကြော်ကိုအလကားစားခွင့်ရခဲ့ပြီးနောက် ၊ အပျော်လွန်နေတဲ့ရုပ်လေးနဲ့လည်း ထပ်ပြီးဓာတ်ပုံအရိုက်ခံခဲ့ပါသေးတယ် ။ ခွေးလေးရဲ့အမူအရာကို ကြည့်ရှုမိသူတိုင်းက ချစ်မဝနိုင်အောင်ဖြစ်နေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*