သမီးက ကိုယ့်အတွက်ပိုက်ဆံပန်းစည်းလုပ်ပေးနေမှန်းမသိဘဲ ဝင်ပြီးကူညီးပေးနေခဲ့တဲ့ ဖခင်

ကိုယ့်ရဲ့မိဘတွေအတွက် လက်ဆောင်တစ်ခုခုဝယ်ပေးမယ်ဆိုရင် ပစ္စည်းကဈေးမကြီးဘူးဆိုရင်တောင် သူတို့တွေက တန်ဖိုးထား ၊ အလေးထားတတ်ကြပါတယ် ။ မကြာသေးခင်က Salwani အမည်ရှိတဲ့မိန်းကလေးဟာ သူမဖခင်ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကို Twitter မှာ ဝေမျှခဲ့ပါတယ် ။ အဲတာကတော့ Salwani ဟာ သူမရဲ့ဖခင်မွေးနေ့အတွက် ပိုက်ဆံပန်းစည်းလေးလုပ်ပေးနေရင်းနဲ့ အလုပ်ရှုပ်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ဖခင်ဖြစ်သူက ဘားမှမသိဘဲ ပိုက်ဆံပန်းစည်းလုပ်နေတဲ့ သမီးလေးကိုလာရောက် ကူညီပေးခဲ့ပါတယ် ။

” ပြသာနာက အဖေ့ရဲ့မွေးနေ့အတွက် ပန်းစည်းလုပ်နေတာ အဲတာကိုပိုင်ရှင်က ဘားမှမသိဘဲ ပန်းစည်းကိုကိုယ်တိုင်ပြင်ဆင်နေတော့တာပဲ ၊ တခြားသူအော်ဒါမှာထားတာဆိုပြီး သူ့ကိုလိမ်ထားရတာ ၊ ဟန်ဆောင်ရတာ တော်တော်ခက်တယ် ၊ သူက ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့တစ်ခုတည်းသော ရတနာလေးပါပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အမေဆုံးသွားပြီးနောက်ပိုင်း အဖေ့ကိုပျော်ရွှင်အောင်ထားပေးရတာက ကျွန်မအတွက်အပျော်ရွှင်ဆုံးအရာပါပဲ ၊ ကျွန်မမှာ အဖေပဲ ကျန်တော့တာ ဆိုပြီး သူမရဲ့အဖြစ်ကိုလည်း ရေးသားခဲ့ပါတယ် ။ ထို့အပြင် သူမက ဖခင်ဖြစ်သူကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်စွာနေထိုင်နိုင်ဖို့ မျှော်လင့်နေလျက်ရှိပြီး ” အဖေလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်ပေးဆပ်နိုင်ဖို့ ကျွန်မကိုအချိန်တွေပေးပါအုံး အဖေ ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*