ကစားစရာကားအရုပ်ပေါ်ပြုတ်ကျပြီး ခေါင်းထဲသံချောင်းစိုက်ဝင်သွားခဲ့တဲ့ ကလေးငယ်အဖြစ်

ကလေးငယ်တွေဟာ မတော်တဆထိခိုက်မှုမျိုးမကြာခဏဖြစ်လေ့ရှိပြီး ၊ မိဘတွေက အတတ်နိုင်ဆုံး စောင့်ကြည့်ပေးကြပေမဲ့လည်း တစ်ခါတစ်လေကစားစရာ ကလေးအရုပ်ကနေထိခိုက်မိတာမျိုးလည်းရှိတတ်ပါတယ် ။

ပြီးခဲ့တဲ့ July 28 ရက်နေ့က ကလေးငယ်တစ်ယောက်ဟာ ကစားစရာကားရဲ့အစိတ်အပိုင်တစ်ခုပေါ်ပြုတ်ကျသွားခဲ့လို့ ကလေးငယ်ရဲ့ခေါင်းထဲကို ကစားစရာကားဘီးသံချောင်းထိုးစိုက်ဝင်သွားခဲ့ပါတယ် ။ အဆိုပါသံချောင်းကို ကလေးငယ်ရဲ့ခေါင်းထဲကနေမဖယ်ရှားခင် ခေါင်းအတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်သွားလားဆိုတာကိုတော့ သေချာမသိရပါဘူး ။

ကံကောင်းစွာနဲ့ပဲ အဆိုပါသံချောင်ကိုအောင်မြင်စွာဆွဲနုတ်ပစ်နိုင်ခဲ့ပြီး ၊ ခေါင်တွင်း 5ချက်ချုပ်ယူခဲ့ရပါတယ် ။ ကလေးအမေရဲ့ပြောပြချက်အရ ခွဲစိတ်ကုသမှုခံယူအပြီးမှာတော့ ကလေးငယ်ဟာအတော်တက်ကြွပြီး ၊ စိတ်ရွှင်လန်းနေလျက်ရှိကြောင်းသိရှိရပါတယ် ။ ရက်အနည်းငယ်အကြာမှာတော့ ကလေးငယ်ဟာဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပါတယ် ။

ယနေ့ခေတ်မှာ ပေါ်ထွက်နေတဲ့ကလေးကစားစရာတွေဟာ အန္တရာယ်မဖြစ်အောင်သတိပေးစာတွေပါရှိပေမဲ့လည်း ၊ ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ မတော်တဆမှုတွေဟာရှိနေမှာပါပဲ ။ ဒါပေမဲ့ ကလေးရှိတဲ့မိဘများအတွက် ကိုယ့်ရဲ့နေအိမ်ပတ်ဝန်းကျင်ကို အကောင်းဆုံး ၊ အန္တရာယ်အရှိဆုံး နေရာအဖြစ်ဖန်တီးပေးထားသင့်ပါတယ် ။ ဒီအဖြစ်အပျက်ကနေလည်း ကလေးငယ်ရဲ့မိဘတွေ ပိုပြီးသတိထားဆင်ခြင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*