တင်တောင်းငွေမယူဘဲ သူ့ကိုလက်ထပ်ခဲ့တဲ့ ယူကရိန်း အမျိုးသမီးကို အားလုံးက အံ့သြနေ

လှပတဲ့ ယူကရိန်းအမျိုးသမီးလေးကို လက်ထပ်ခွင့်ရခဲ့တဲ့ တရုတ်အမျိုးသားကို ယောကျ်ားလေး အင်တာနက်သုံးစွဲသူ အားကျမနာလိုဖြစ်နေရပါတယ်။ သူမဟာ နိုင်ငံရပ်ခြားမှ လှပတဲ့လူဖြူမိန်းကလေးဖြစ်သလို ယောကျ်ားဘေးဘက်မှ တင်တောင်းငွေကိုလည်း မယူခဲ့ပါဘူးတဲ့။

သူတို့နှစ်ယောက်ဟာ ၂ဝ၁၆ ဇန်နဝါရီလမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူမဘာသာပြန်တစ်ယောက်အနေနဲ့ Beijing မှာ အလုပ်လုပ်ရင်း တွေ့ဆုံခဲ့ကြတာလို့ NetEase သတင်းမှာဖော်ပြထားပါတယ်။

သူတို့က လူမျိုးချင်းမတူပေမယ့် မြင်မြင်ချင်းချစ်မိခဲ့ကြပြီး သူ့ရဲ့ကြင်နာတတ်တဲ့ပုံစံကို လေးစားခဲ့တယ်။ မကြာမီမှာပဲ သူတို့တွဲခဲ့ပြီး ခရီးတွေအများကြီးသွားကြတယ်။ အောက်တို ၂ဝ၁ရမှာ သူတို့လက်ထပ်ခဲ့ကြတယ်။ လူတွေကို ဘယ်အရာက ပါးစပ်အဟောင်းသားဖြစ်အောင် ပြုလုပ်နိုင်ခဲ့လဲဆိုတော့ မင်္ဂလာဆောင်အတွက် ယောကျ်ားလေးဘက်ကမှ တစ်ပြားမှ ကုန်ကျငွေမရှိခဲ့တာပါပဲ။

သူတို့ရဲ့ယဉ်ကျေးမှုတွေက တူညီမှုမရှိတာကြောင့် မင်္ဂလာဆောင်အတွက် ဘာလက်ဆောင်မှ မပေးပါနဲ့လို့ တောင်းဆိုခဲ့ပါတယ်။ လက်ထပ်ပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က အမျိုးသားရဲ့မွေးရပ်ဖြစ်တဲ့့ တရုတ်မြောက်ပိုင်း Yangcheng မှာကျင်းပခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*