တစ်ပါတ်စာအထူးဟောစာတမ်းဗေဒင် (၁၄.၉.၂၀၁၉) မှ (၂၀.၉.၂၀၂၀) ထိ

တစ်ပတ်စာဟောစာတမ်းစောင့်မျှော်နေကြသူလေးတွေတွက် ဆရာအောင်ချစ်မင်းရဲ့
(၁၄.၉.၂၀၁၉) မှ (၂၀.၉.၂၀၂၀) ထိ တစ်ပတ်စာကံကြမ္မာအဟော

တစ်ပါတ်စာအထူးဟောစာတမ်းဗေဒင်ဆရာကအညံ့တွေမြင်ရင်ပြောပေးမှာပဲမိတ်ဆွေတို့အတွက်ရှောင်ရန်ဆောင်ရန်သိရတာပေါ့သိပ်ညံ့နေတယ်ဆိုလည်းယတြာလေးတွေပြုလုပ်လိုက်ပါအဆင်ပြေသွားပါလိမ့်မယ်…..
မိတ်ဆွေများအထူးကံကောင်ကြပါစေ..

ဆရာအောင်ချစ်မင်း။

တနင်္ဂနွေသား/သမီးများအတွက်

ယခု ရက်ပိုင်းအတွင်း အရမ်းကံကောင်းသောအချိန်ဖြစ်တတ်ပါသည်။
လုပ်ငန်စီးပွားရေအရှိန်တိုးတက်ပါလိမ့်မည်။
နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါသည်။
နိုင်ငံခြားခရီးကောင်းတွေကြုံတွေရတတိသည်။

ရပ်ဝေးကစာငွေအဆက်သွယ်ကောင်းအကူညီကောင်းတွေရရှိမည်။
မိတ်ဆွေအရင်ဆရာအရင်းတွေရဲ့အထင်လွဲမှာခြင်းတွေကြုံတွေ့ရတတ်သည်။
မြေအမွေကိစ္စတွေအထစ်အငေါ့များတတ်ပါသည်။

သွပ်သံသစ်နှင့်ရေထွက်ကုန်ပစ္စည်းအရောင်ဝယ်အကျိုးပေးပါလိမ့်မည်။
စပ်တူလုပ်ငန်းများမတင်မကျဆုံးဖြတ်ရခတ်တတ်ပါသည်။
ကျန်းမာရေးဝမ်းဗိုက်ဥပါဒ်ပေးတတ်ပါသည်။
အိမ်ထောင်ရှင်များ နားလည်မှုလွဲမှာသောကာလဖြစ်သည်။
ငယ်ရွယ်သူများ အချစ်ရေး သတင်းကောင်း ကြားရတတ်သည်။

သင့်အတွက် ကံကောင်းစေသော အရောင်မှာ အစိမ်းရောင် ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့် ဂဏန်း ၆၄အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။

မိမိအိမ်ဘုရားတွင် ရှောက်သီး(၁)လုံးဆွမ်းတော်ကပ်ပါ လှူဒါန်းပြီး မိမိလိုရာ ဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။

ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

တနင်္လာသား/သမီးများအတွက်

ယခုရက်ပိုင်းအတွင်း အလုပ်တွင်နံမည်ဂုဏ်သတင်းတက်စရာများကြုံတွေ့ရတတ်သည်။
ရာထူးနေရာအခွင်ကရေးကောင်းတွေလည်းကြုံတွေရတတ်သည်။
နိုင်ငံခြာလူမျိုးခြားကိစ္စေတွလည်းအကျိုးထူးရရှိမည်။
ခရီးကောင်းတွေလည်းသွားရတတ်ပါသည်။

အလှူ မင်္ဂလာအစီအစဉ်တွေလည်းပေါ်ပေါက်တတ်သည်။ကောင်းပါသည်။
ကားကျောက်ကုန်ခြောက်လုပ်ငန်းတွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။
အိမ်အဆောက်ဦးကိစ္စတွေကတော့စိတ်ညစ်စရာတွေကြုံတွေ့ရတတ်သည်။
အောက္လက်ငယ်သားသားသမီးကိစ္စေတွတော့စိတ်ညစ်ရတတ်သည်။
ငွေကိစ္စအောင်မြင်မယ်လာဘ်လာဘများပေါးများလိမ့်မည်။

အိမ်ထောင်ရှင်များ တကျက်ကျက်စကားများရတတ်သည်။
ငယ်ရွယ်သူများ အချစ်ရေးတွင် ကြည်နူးဖွယ်ရာများကြုံတွေ့ရတတ်သည်။
ကျန်းမာရေးအနေဖြင့် လေထိုး လေအောင့် ဖြစ်တတ်သည်။
သင့်အတွက် ကံကောင်းစေသောအရောင်မှာ အနက်ရောင် ဖြစ်ပါသည်။

ထီထိုးမယ်ဆိုလျှင် ကံကောင်းစေမည့် ဂဏန်း ၇၂ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။
ဘုရား၏တနလာင်္ဒေါင့်တွင်ငွေထီး(၉)လက် လှူဒါန်းပြီး မိမိလိုရာဆုတောင်ပါ။
သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။

ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

အင်္ဂါ သား/သမီးများအတွက်

ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊စိတ်နှစ်ခွဖြစ်စရာတွေကြုံတွေ့ရတတ်သည်။
တစ်ဇွတ်ထိုးလုပ်ပြီးအမှာတွေလည်းကြုံတွေ့ရတတ်ပါသည်။
တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့အချိန်ပါပဲ။

သူတပါးကိုကူညီရတဲ့အလုပ်တွေနဲ့မနားရအောင်ဖြစ်နေတတ်ပါသည်။
အလုပ်တွေအများကြီးလုပ်ရပြီးငွေကြပ်နေတတ်ပါသည်။
နာမည်ကြီးထမင်းငတ်ဆိုတာဒီကိန်မျိုးပါပဲမိတ်ဆွေ

ဒီအချိန်မှာဘာလုပ်ငန်းကိုမှကြီးကြီးမားမားမချဲ့သင့်ပါ။
နေရာကိစ္စအဆောက်ဦးကိစ္စတွေမှတို့လို့တန်းလန်းဖြစ်နေတတ်သည်။
စာချုပ်ရမည့်ကိစ္စတွေခေါင်ရှုပ်ရတတ်သည်။
မိတ်ဆွေရဲကျန်းနာရေးကခြေထောက်ခါးနာခြင်းဖြစ်တတ်သည်။

အိမ်ထောင်ရှင်များ ခွဲခွါနေထိုင်ရတတ်သည်။
ငယ်ရွယ်သူများ အချစ်ရေး ချစ်သူနှင့်စကားများရတတ်သည်။
သင့်အတွက် ကံကောင်းစေသောအရောင်မှာ ဆင်စွယ်ရောင် ဖြစ်ပါသည်။
ထီထိုးမယ်ဆိုလျှင် ကံကောင်းစေမည့်ဂဏန်း ၇၅ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။

သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင်နှင့်ဆီ(၇)ပွင့် လှုပြီး လိုရာဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

ဗုဒ္ဓဟူး သား/သမီးများအတွက်

ယခုရက်ပိုင်းအတွင်း အစစအရာရာသတိကြိးစွာထားဖို့လိုအပ်ပါသည်။
ရန်ပတ်လည်ဝိုင်းနေတတ်ပါသည်။
ပြဿနာအကြီးတစ်ခုဖြေရှင်းရတတ်သည်။ကိုယ့်ကိစ္စမဟုတ်လည်းသူတပါးကိစ္စဝင်ပါရတတ်သည်။

ကျန်းမာရေးနှင်ပတ်လို့ဆီး၊မျက်စိ၊နား၊နှာခေါင်း၊ဒုက္ခပေးတတ်သည်။
ခရီးကံတော့အလွန်ကောင်းတဲ့အချိန်ဖြစ်ပါသည်။
ရပ်ဝေးကလည်းအကူညီကောင်းတွေရရှိပါလိမ့်မည်။

အိမ်ကိစ္စ၊အဖိုးတန်ပစ္စည်းအရောင်းဝယ်ကိစ္စတွေအောင်မြင်မည်။အိမ်ဆောက်ပစ္စည်း၊အုတ်၊သွပ်၊သံသစ်လုပ်ငန်းတွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။
ခရီးသွားလုပ်ငန်းတွေလည်းအကျိုးပေးပါလိမ့်မည်။
မြေ၊အမွေ၊ပညာရေးကိစ္စများကတော့ဆုံဖြတ်ရခက်နေတတ်သည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်ရဲ့သတင်းကောင်းကြာရတတ်ပါသည်။

အချစ်ရေးကတော့ဝေးကွာနေတတ်ပါသည်။။
သင့်အတွက ်ကံကောင်စေသော အရောင်မှာ အနီရောင် ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့် ဂဏန်း ၆၁ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။

အိမ်ဘုရားတွင်အုန်း(၆)ညွန့်လှူပြီး မိမိလိုရာ ဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။ ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

ကြာသပတေး သား/သမီးများအတွက်

ဒီရက်ပိုင်းအတွင်း အိမ်၊စက်၊အသုံးအဆောင်အသစ်တွေတစ်ခုပြီးတစ်ခုဝင်လာမယ်
တစ်ခုရှိတာကသင့်ဆီမှာရှိသောပစ္စည်းများထွက်တာတွေပျက်တာတွေများနေတတ်သည်။
ငွေများများတော့မကိုင်ထားသင့်ပါ။အဲ့ဒီငွေကလူလိမ်ခံရတတ်တယ်။
ဆန်ဆီဆေးဆားစက်စပ်တူရှယ်ယာလုပ်ငန်းတွေအကျိုးပေးမည်းအချိန်ဖြစ်ပါသည်။

ခရီးသွားလာရေးကိစ္စတွေအလွဲလွဲချော်ချော်တွေဖြစ်နေတတ်သည်။
နိုင်ငံခြားခရီးနှငိ့ပတ်သတ်သက်လို့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေတော့ရရှိတတ်ပါသည်။
မိတ်ဆွေအရင်းဆရာအရင်းတွေကြောင့်စိတ်ရှုပ်ခေါင်းစားရတတ်သည်။

ဘာမဆိုမတင်မကျမရေမရာဖြစ်နေတာကိုတော့သတိထားစေချင်ပါသည်။
အိမ်ထောင်ရှင်များ အထစ်အငေါ့တွေပြေလည်သွားပါလိမ့်မည်။
အချစ်ရေးကတော့ကံနိမ့်နေတဲ့အချိန်ပိုင်းဖြစ်နေတတ်သည်။
သင့်အတွက် ကံကောင်းစေသော အရောင်မှာ နီညိုရောင် ဖြစ်ပါသည်။

သင်ထီထိုးမယ်ဆိုလျှင် ကံကောင်းစေမည့် ဂဏန်း ၃၁ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။

အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ(၁)ပွဲခုလှူပြီး လိုရာဆုတောင်းပါ။
သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။
ခုနစ်ရက် သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

သောကြာ သား/သမီးများအတွက်

ယခုရက်ပိုင်းအတွင်းအဖက်ဖက်ကအခွင့်လမ်းကောင်းတွေပေါ်လာပါလိမ့်မည်။
အလုပ်တွေတိုးချဲ့အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲကံတရားကကိုယ့်ကိုမျက်နှာသာပေးသောအချိန်ဖြစ်ပါသည်။
ငွေဝင်မည်ရွှေကံကောင်းမည်။
အနုပညာအလုပ်၊အလှကုန်၊ကား၊ကျောက်အလုပ်တွေမှာအကျိုးမြတ်များနိုင်မည်။

စပ်တူကိစ္စ၊စာချုပ်ရမည့်ကိစ္စေတြေတာ့သတိထားပါ။
ကိုယ်တိုးတက်အောင်မြင်တဲ့အေပါ်မနာလိုအပြိုင်အဆိုင်တွေလည်းပေါ်လာမည်။
သင့်တမင်ရန်လာစတာတွေတောင်ဖြစ်တတ်ပါသည်။သတိထားပါ။
ပြည်တင်းပြည်ပခရီးများမရေမရာဖြစ်နေတတ်ပါသည်။

အောက်လက်ငယ်သားအကျိုးပေးပါလိမ့်မည်။
အိမ်ထောင်ရှင်များ စိတ်ဝမ်းကွဲရတတ်သည်။
အချစ်ရေးသတင်ကောင်းကြာရတတ်သသည်။ခရီးကောင်းကြုံမယ်
ကျန်မာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်တတ်သည်။ သတိထားပါ။

သင့်အတွက် ကံကောင်းစေသော အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုလျှင် ကံကောင်စေမည့်ဂဏန်း ၄၂ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင် လက်ဖက်ရည်နှင့်ကိတ်မုန့်လှူပြီး လိုရာဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

စနေသား/သမီးများအတွက်

ယခုရက်အတွင်း စပ်တူလုပ်ငန်း၊စက်ပစ္စည်းနှင့်ပတ်သက်သောအလုပ်တွေအောင်မြင်ပါလိမ့်မည်။
မိတ်ဆွေအပေါင်းသင်းကောင်းတွမှလည်းအကူညီတွေပေးပါလိမ့်မည်။
ဘုရာပုံတော်တွေဝင်လာပြီးသင့်အတွက်နိမိတ်ကောင်းတွေဝင်လာတတ်ပါသည်။
သင့်အနေဖြင်ဒီအချိန်မှာအသုဘပိုခြင်သချိုၤးမြေနင်းခြင်းကိုရှောင်သင့်ပါသည်။

ပညာရေး၊မြေ၊အမွေကိစ္စတွေအထူးအကျိုးပေးအောင်မြင်ပါမည်။
အောက်လက်ငယ်သားကြောင့်စိတ်ညစ်ရတတ်ပါသည်။
ခရီးကံအလွန်ကောင်းပါသည်။
ထီးဖိနပ်အထည်လိပ်လုပ်ငန်းတွေလုပ်ဝမလုပ်ပါနှင့်အကျိုးမေပးတတ္ပါ။

ကျန်းမာရေးရေချိုးမှားပြီးကျန်းမာရေညံ့တတ်သည်။
ဘာသာရေးလုပ်ငန်ဘုရားဖူးလုပ်ငန်းတွေလည်းအောင်းမြင်ပါလိမ့်မည်။
အိမ်ထောင်ရှင်များအဆင်မပြေမှုတွေဖြစ်ပြီးမှပြေလည်သွားလိမ့်မည်။

အချစ်ရေးအဆင်ပြေချောမွေမှုများဖြစ်ပေါ်မည်။
သင့်အတွက် ကံကောင်းစေသော အရောင်မှာ အဝါရောင် ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့် ဂဏန်း ၅၃ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင် မေမြို့ပန်း(၅)ပွင့် လှူဒါန်းပြီး မိမိလိုရာ ဆုတောင်းပါ။

သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ယုံကြည်ပါသည်။
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*