အိမ်ကိုလွမ်းလွန်းလို့ သစ်ရွက်ခြောက်တွေနဲ့အသည်းပုံဆွဲနေခဲ့တဲ့ နိုင်ငံခြားသန့်ရှင်းရေးအလုပ်သမားရဲ့အဖြစ်

အိမ်ကနေအဝေးတစ်နေရာကို အလုပ်ထွက်လုပ်ကြတဲ့သူတွေကတော့ အိမ်ကိုလွမ်းကြမှာပါပဲ ။ ဒူဘိုင်းမြို့မှာ အလုပ်သွားလုပ်နေတဲ့ အိန္နိယနိုင်ငံသားရဲ့ အိမ်ကိုလွမ်းလွန်းတဲ့ခံစားချက်ကိုဖော်ပြတဲ့အဖြစ်ကတော့ အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။ သန့်ရှင်းရေးအလုပ်သမားလေးက သစ်ရွက်ခြောက်တွေကို တံမြတ်စည်းနဲ့သုံးပြီး အသည်းပုံ သရုပ်ဖော်နေခဲ့တာပါ ။

သို့ပေမဲ့လည်း အဆိုပါ အသည်းပုံရုပ်ပုံလေးရဲ့ နောက်ကွယ်မှာအဖြစ်အပျက်လေးတစ်ခုရှိပါတယ် ။ အဆိုပါအမျိုးသားဟာ အသက် 30 အရွယ် Ramesh Gangarajam Gandi အမည်ရှိတဲ့အမျိုးသားဖြစ်ပြီး ၊ ဒူဘိုင်းကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ် အလုပ်ဝင်လုပ်နေခဲ့တာပါ ။ သူ့ရဲ့တစ်နေ့တာအလုပ်ကတော့ သစ်ရွက်ခြောက်တွေကို တံမြတ်စည်းနဲ့ လဲထုတ်ပေးရတဲ့အလုပ်ပါပဲ ။ Gandi ဟာပြီးခဲ့တဲ့နှစ် August လကမှ လက်ထပ်ခဲ့တာဖြစ်ပြီး ၊ September လမှာတော့ UAE မှာ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာခဲ့တာပါ ။

” ကျွန်တော်က မိသားစုနဲ့ ဇနီးကိုလွမ်းနေခဲ့တာပါ ၊ လူတွေကျွန်တော့်ကိုကြည့်နေမယ်လို့သတိမထားမိလိုက်ဘူး ၊ online ပေါ်မှာ ဒီဓာတ်ပုံလေးမြင်လိုက်မှ အတော်လေးအံ့သြသွားတယ် ၊ ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့နေ့က အိမ်ကိုလွမ်းနေတာ ၊ သူတို့တွေဘာလုပ်နေမလဲလို့ တွေးနေတာ ၊ အထူးသဖြင့် ဇနီးလေးကိုပိုလွမ်းတာပေါ့ ” ဆိုပြီး Gandi ကဖြေကြားခဲ့ပါတယ် ။ လက်ထပ်ပြီးတစ်လအကြာမှာ အလုပ်လုပ်ဖို့ Dubai ကိုရောက်လာခဲ့လို့ ၊ ကြင်စဇနီးမောင်နှံဘဝကို မပျော်ခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ် ။

ဖခင်ဖြစ်သူမှာလည်း အသက်အရွယ်ကြီးရင့်နေလို့ နာမကျန်ဖြစ်၍စိတ်ပူနေရကြောင်း ၊ မိသားစုဝင်တွေ တစ်ဦးတစ်ယောက်ကမှ Covid – 19 ကူးစက်ခံရမှုမရှိပေမဲ့ ၊ ဖခင်ဖြစ်သူကိုစိတ်ပူမိကြောင်း ၊ ယခုအချိန်မှာ ခရီးအသွားအလာတွေက အနည်းငယ်ဖြေလျော့ပေးပြီဖြစ်လို့ မကြာခင်အိမ်ပြန်နိုင်ဖို့ကြိုးစားမည်ဖြစ်ကြောင်း Gandi ကပြောပြသွားခဲ့ပါတယ် ။ ဒူဘိုင်းရဲ့ ဝန်ကြီးချုပ်ရုံးကလည်း လူငယ်လေးကို အားပေးထောက်ခံနေကြောင်း လက်ဆောင်ပေးပို့ပေးခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*