ကမ္ဘာ့ သရဲအခြောက်ဆုံး ကျွန်းကို လေလံတင်

ကမ္ဘာပေါ်က tourist တွေကို အဆွဲဆောင်နိုင် ဆုံး နေရာတစ် ခုဖြစ်ပြီးတော့ အီတလီမှာ ရှိတဲ့ ကျွန်းတစ်ခုပါ၊ ပိုဗဲဂလီးယား လို့ အမည်တွင်ပါ တယ်။ ဒါပေမယ့် အဲဒီကျွန်းပေါ်မှာ လူသွားလူလာ အင်မတန်မှပဲ မြင်ရခဲပါတယ်။

၁၇ ဧက ကျယ်ဝန်းပြီး သက်ရှိသတ္တဝါတွေမနေတဲ့ ဒီကျွန်းလေးဟာ တစ်ချိန်တုန်းက ပလိပ်ရောဂါ ကပ်ဆိုးကြောင့် လူသေတွေမြှုပ်နှံသင်္ဂြုဟ်တဲ့ သုဿာန် တစပြင် ဖြစ်ခဲ့ပါတယ်။ ဒီကျွန်းကို နောက်ဆုံး အသုံးပြုခဲ့တာကတော့ အဲဒီကျွန်းပေါ်မှာ ဆရာဝန်တစ်ယောက်က စိတ်ပညာဆေးရုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ခွဲစိပ်မှုတွေ ပြုလုပ်ခဲ့တာပါ။ သူခွဲစိပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတန်ဆာပလာတွေကတော့ တူ၊ ဆောက်သွား နဲ့ drill ဖောက်စက်တို့ပဲ ဖြစ်ပါတယ်။ လူတွေပြောကြာတာတော့ ဒီကျွန်းပေါ်မှာ ဝိညာဉ်အရေအတွက်ပေါင်း သောင်းပေါင်းများစွာက ခြောက်လှန့်နေကြတယ်လို့ ဆိုပါတယ်။

အခုအဲဒီ ပိုဗဲဂလီးယား ကျွန်းကို အီတလီအစိုးရက ရောင်းချဖို့ လေလံတင်ပါတော့မယ်။ အီတလီအစိုးရက သူတို့နိုင်ငံရဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့အတွက် အခုလို စိတ်ပျက်စရာနေရာကို လေလံတင်ရတာဖြစ်ပါ တယ်။ ကမ္ဘာပေါ်မှာ သရဲအခြောက်ဆုံးနေရာလို့လည်း ခေါ်ထိုက်သလို ဒီကျွန်းနဲ့ ပတ်သတ်ပြီး “ရူးနှမ်းခြင်းရဲ့ ကျွန်း” တို့ “ငရဲဘုံ” တို့ အမျိုးမျိုးပဲ ပြောကြ၊ ခေါ်ကြပါတယ်။

ဒီကျွန်းကို ဝယ်မယ့်ပုဂ္ဂိုလ်ကတော့ ကျောချမ်းလောက်စရာ ဒီကျွန်းရဲ့ သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ၁၄ရာစုနှစ်အတွင်းကတော့ အဲဒီနေရာဟာ Venice မှာနေထိုင်တဲ့ လူတွေနဲ့ Genoa ကလူတွေရဲ့ စစ်မြေပြင်လည်း ဖြစ်ခဲ့ပါသေးတယ်။ အဲဒီကျွန်းကို ချိတ်မပိတ်ခင် ၁၈ ရာစုနှစ်မှာတော့ အဲဒီကျွန်းကို ပလိပ်ရောဂါသည်တွေကို ထိန်းသိမ်းရာနေရာအဖြစ် အသုံးပြုခဲ့ပါတယ်။

၂၀ရာစုနှစ် အစောပိုင်းကျတော့လည်း အခြေအနေတွေက ပိုပြီး မကောင်းလာခဲ့ပါဘူး။ ၁၉၂၂ ခုနှစ်မှာ အထက်မှာ ပြောခဲ့သလိုပဲ ဒီကျွန်းပေါ်မှာ ဆရာဝန်တစ်ယောက်က စိတ်ပညာဆေးရုံတစ်ခု တည်ထောင်ပြီး လူနာတွေရဲ့ ဦးနှောက်အား ခွဲစိပ်ခြင်းဖြင့် စိတ်ရောဂါ ဦးနှောက်ခွဲစိပ်ကုသခြင်း (Lobotomies) ကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ၎င်းဆရာဝန်က ဆေးရုံမျှော်စင်ပေါ်ကနေ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီကျွန်းပေါ်က သရဲတွေ ပြုစားလိုက်တဲ့အတွက်ကြောင့် ရူးနှမ်းပြီး အခုလို ခုန်ချတာလို့ ဆိုကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒီကျွန်းကို အီတလီအစိုးရက ချိတ်ပိတ်လိုက်ပြီး ဝင်ခွင့်ကိုလည်း တင်းတင်းကျပ် ကျပ် တားမြစ်ထားလိုက်ပါတယ်။

အဲဒီအဖြစ်အပျက်တွေက ဝိညာဉ်၊ တစ္ဆေ၊ နာနာဘာဝနဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို လေ့လာချင် သူတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ လူသိအများဆုံးကတော့ ပလိပ်ရောဂါနဲ့ ဆုံးပါးသွားတဲ့ လစ်တဲလ် မာရီယာ ပဲဖြစ်ပါတယ်။ သူမဟာ ကျွန်းပေါ်ကနေ သူမရဲ့အိမ်ဘက်ကိုငေးကြည့် ပြီး ငိုလေ့ရှိတယ်လို့ဆိုပါတယ်။

တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ပြောပြချက်အရ ဒီကျွန်းပေါ်မှာရှိတဲ့ အဆောက်အဦးဟောင်းကြီးကို အရမ်းကောင်းမွန်တဲ့ ပိသုကာ ပညာရှင်တွေရဲ့အကူအညီနဲ့ ဟော်တယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲမယ်လို့ သိရပါတယ်။

ဒီ စီမံကိန်းကို စီစဉ်သူတွေကတော့ ဒီကျွန်းလေးကို ဝယ်ယူပြီးတော့ လူသိများအောင်လုပ်ဖို့အတွက် စတင်နေပါပြီ။ ဒီကျွန်းနဲ့ပတ်သတ်တဲ့ ရုပ်သံတွေကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*