သမီးဖြစ်သူကို တွေ့ရဖို့ မိုင်ပေါင်း ၄ဝဝထိ လမ်းလျှောက်ခဲ့တဲ့ မိခင် (ရုပ်သံ)

လွန်ခဲ့တဲ့ ၈လက ၅၉နှစ်ရှိပြီဖြစ်တဲ့ ထိုင်းအမျိုးသမီးတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့ စိတ်ရောဂါကို ခံစားခဲ့ရတယ်။ ဒါပေမယ့် တရုတ်ပြည်မှာရှိနေတဲ့ သမီးဖြစ်သူကိုတော့ သူသတိရလေရဲ့။

သူမနေတဲ့အိမ်ကြီးကို ပစ်ထားပြီး မိုင်ပေါင်း ၄ဝဝထိတောင် လမ်းလျှောက်ခဲ့ပါတယ်။ သူမ နာမည်က Kaeomanee Arjaw ဖြစ်ပြီး လာအိုနဲ့ မြန်မာ နယ်နမိတ်ဇုန်က Chiang Rai မှာနေထိုင်ပါတယ်။ သူမ ပျောက်သွားတာ ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကမှ တရုတ်ပြည်မှာ ခြေဦးတည့်ရာလျှောက်သွားနေရင်းနဲ့ သူမသမီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။


သူမဆီမှာ ထိုင်းနိုင်ငံ ID card တွေ့ခဲ့တာဖြစ်ပြီး မေးမြန်းကြည့်ပြီးတော့မှ သူမသမီးနဲ့တွေ့ဆုံလို့ရအောင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ထိ သူမလမ်းလျှောက်ပြီးတော့ လာခဲ့တာဖြစ်ကြောင်း ဗိုက်ဆာရင် လမ်းတစ်လျှောက်တွေ့တဲ့လူတွေဆီက နည်းနည်းဆီတောင်းစားခဲ့ကြောင်းပြောပါတယ်။

သူမရဲ့သမီး ၃၅နှစ်ဟာ Suchada ကနေ Kunming ကို လေယာဉ်နဲ့ရောက်လာပြီး သူမအမေကို လာခေါ်ပါတယ်။ တွေ့တွေ့ချင်းပဲ နှစ်ယောက်လုံးမျက်တွေကျပြီး ဖက်ထားလိုက်တာများ တင်းကြပ်လို့ပါပဲ။ သူမအမေဟာ လမ်းလျှောက်လာရလို့ ၄၄ပေါင်တောင် ကျသွားပါတယ်။ စိတ်ကြည်နူးစရာကောင်းတဲ့ သားအမိဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*